part - 7

12.4K 438 14
                                    

( piece~ 7 )

>>>>>>>>>>>>>>>>>>>>>>>>>>>

"ဟင်...ရှင် ရှင်ဘယ်သူလဲ"

တန်ခူး ထိုယောကျာင်္းမျက်နှာကိုတွေ့ဖူးသလိုလို
ဇဝေဇဝါနှင့်ကြောင့်ကြည့်နေမိသည်။
သူ့အသံတွေကိုလဲ တန်ခူးကြားဖူသလားမကြားဖူး
သလားမသိတော့ပါ

"ဘယ်သူလဲဆိုတော့ မင်းဘ၀ကို
တစ်စစ်ချိုးပြောင်းလဲပေးမယ့်လူပေါ့"

တန်ခူး ဘေးဘီဝဲယာကစောင့်ကျပ်နေသော
လူကြမ်းရုပ်များနဲ့လူတွေကိုလဲကြောက်လှသည်။
မျက်ရည်များသာစီးကျရင်း

"ကျွန်မကိုလွှတ်ပေးပါရှင်
ကျွန်မအဖေဆီကရှင်တို့ကြိုက်သလောက်ငွေတောင်း
နိုင်ပါတယ် ကျွန်မကိုပြန်လွှတ်ပေးကြပါနော်"

"ငွေ....အဟွန်း...ဟွန်း
လာပြန်ပြီလားဒီငွေ ခုထိမင်းတို့မိသားစုပါးစပ်က
ငွေဆိုတာကိုမချသေးပဲကို
မင်းအဖေဆရာ၀န်အငြိမ်းစားကြီးဆီက
ငါကဘာလို့ဟိုမရောက်ဒီမရောက်ငွေကိုတောင်းရမှာလဲ"

"ရှင် ရှင် အဖေကိုသိနေတယ်"

တော့ပ် လက်ကနာရီကိုလှည့်ရင်း
ခေါင်းမော့ဟားတိုက်ရီလိုက်ကာ...

"မေ့စရာအကြောင်းကိုငါရှာမတွေ့ခဲ့လို့
မင်းတို့မိသားစုရဲ့စက်စုတ်စရာမျက်နှာတွေကို
ငါခုထိသတိရနေခဲ့တာ တန်ခူးသာ
မင်းတို့သာ လွန်ခဲ့တဲ့12နှစ်ကသားမိနှစ်ယောက်အပေါ်
ရွံရှာစရာကောင်းတဲ့အမှားတွေကျူးလွန်ခဲ့ကြပြီး
လွယ်လွယ်မေ့ခဲ့ကြတာ"

"ဘာ...12နှစ် ရှင် ရှင်"

တန်ခူးအံသြလွန်းစွာပါးစပ်အဟောင်းသားနဲ့
ကြည့်နေစဉ်မှာပင် ဆံပင်တွေကိုလက်ငါးချောင်းနဲ့
လှန်ထိုးလိုက်ကာ စူးစူးကြီးကြည့်လာတဲ့
တော့ပ်ရဲ့မျက်လုံးတွေကိုတွေ့လိုက်ရတော့...

"နင် ဒီ...ဒီ"

"ဟုတ်တယ် မင်လိုမိစ္ဆာမကြာင့်မိခင်တစ်ဦးကို
ဆုံးရှုံးခဲ့ရတဲ့ ဒီ နိုင် ငံ"

"ဟင်..."

တန်ခူးမျက်နှာ၌သွေးမရှိတော့ပါ...
တုန်လှုပ်စွာ တော့ပ်ကိုကြည့်၍

ဒီနိုင်ငံ Completed (OC)Where stories live. Discover now