ဘုရင်မတစ်ယောက်အနေဖြင့် သူမ၏ မျိုးနွယ်အား ကာကွယ်နိုင်ရန်အတွက် အသက်စွန့်လွှတ်ရမည်ဆိုလျှင်တောင် မမှုပေ။ သားဖြစ်သူအား စိတ်မချနိုင်သော်လည်း မျိုးနွယ်အား ကာကွယ်ရမည့်တာဝန်ရှိနေသေးသည်။ သားဖြစ်သူအား မှာကြားစရာရှိတာများမှာကြားကာ မခွဲရက်ပေမဲ့ တာဝန်အရခွဲခွာရမည်။

"အကာအကွယ်က ကျန်ရှိနေတဲ့ မျိုးနွယ်ကို အန္တရယ် ကင်းအောင် ဖုံးကွယ်ထားပေးလိမ့်မယ် အချိန်အတော်ကြာမှ အပြင်ကအသံတွေ နားစွင့်ပြီး ငြိမ်သွားပြီဆိုမှ ထွက်ခဲ့ကြပါ နတ်ဆိုးတွေကို တားဆီးထားတဲ့အတားအဆီးက ကြာရှည်မခံဘူး ငါပြန်သွားပြီးတိုက်မှရမယ် မင်းတို့ရဲ့မင်းသားလေးကို ငါ့ကိုယ်စားစောင့်ရှောက်ပေးပါ "

"ဘုရင်မ ကျွန်တော်တို့လည်း ကူတိုက်ပေးပါရစေ "

"ဟုတ်ပါတယ် ကျွန်တော်တို့လည်း ကူတိုက်ဖို့ ဆန္ဒရှိပါတယ် "

"မဖြစ်ဘူး ရေသူမျိုးနွယ် ပျက်သုန်းသွားလို့မဖြစ်ဘူး ရေသူမျိုးနွယ်ကို ပြန်လည်တည်ထောင်ဖို့လို့တယ် ပြီးတော့ ယွင်အာက ငယ်သေးတယ် သူ့ကို ကူညီလမ်းပြပေးဖို့လိုအပ်သေးတယ် မင်းတို့ငါ့ကိုကျေးဇူးတင်ရင် ယွင်အာကို ကာကွယ်စောင့်ရှောက်ပေးပါ "

"နားလည်ပါပြီ ဘုရင်မ မင်းသားကို အသက်ထက်ပိုပြီး စောင့်ရှောက်ပါ့မယ် "

ကျန်ရှိနေသော ရေသူမျိုးနွယ်အားလုံး မျက်နှာငြိုးငယ်နေကြသည်။ ဘုရင်မအား ကူညီကာတိုက်ခိုက်ပေးချင်သော်လည်း စွမ်းအားမြင့်မားလွန်းသည့် နတ်ဆိုးများအားမယှဥ်ပြိုင်နိုင်ပေ။ ထို့ကြောင့် ဘုရင်မ၏ စကားအား နားထောင်ကာ ရေသူမျိုးဆက်မပျက်အောင်ထိန်းသိမ်းရန်သာတတ်နိုင်ခဲ့သည်။

"အမေ...အမေ  မသွားလို့မရဘူးလား "

ထွက်သွားတော့မည့် သူ့မယ်တော်၏ ခြေထောက်အား ဖက်ကာ မသွားရန် ငိုယိုတောင်းပန်နေခဲ့သည်။

"တောင်းပန်ပါတယ် သားတော် မယ်တော်တို့ မျိုးနွယ်ကိုကာကွယ်ဖို့ သွားမှဖြစ်မာမို့လို့ပါ သားတော်က ရေသူမျိုးနွယ်ရဲ့ ဆက်ခံသူမင်းသားတစ်ယောက်ဖြစ်ပြီး ရေသူမျိုးနွယ်ကိုစောင့်ရှောက်ဖို့ လေ့လာသင်ယူပါ သား ရေသူမျိုးနွယ်တွေ ပြန်တည်ငြိမ်သွားတဲ့အခါကျရင် ဒီပစ္စည်းလေးကိုယူပြီး ကောင်းကင်နန်းတော်ကိုသွားလိုက်ပါ ပြီးရင် ဒီပစ္စည်းကိုပြပြီး မယ်တော်မှာခဲ့တဲ့အတိုင်းပြောလိုက်ပါ "

ချစ်ခြင်း၏တစ်ဖက်ကမ်း ပေးဆပ်ခြင်းမှတ်တမ်း (BL)Where stories live. Discover now