တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ

Start from the beginning
                                    

Tanya နဲ့အတူ ကားပေါ်တက်ပြီး သူမနဲ့အတူ အိမ်ပြန်ခဲ့လိုက်တယ်။

Andersonsတွင်။

သူငယ်တန်းက ကလေးတွေအတွက် တစ်နေ့ကို ထမင်းသုံးနပ် ကျွေးတာမို့ ကျောင်းမှာ ညစာစားပြီးတဲ့ Cherryက အိမ်ပြန်ရောက်တော့  ထပ်မစားတော့ဘူး။  ထို့ကြောင့် ကျန်တဲ့ Andersonမိသားစုများ ညစာစားနေချိန်တွင် သူမသည် အပေါ်ထပ်တွင် တိတ်တဆိတ် ပုန်းနေပြီး Pete ကို ဗီဒီယိုဖုန်းခေါ်တာကို လုပ်ခဲ့သည်။

ဗီဒီယိုခေါ်ဆိုမှု ချိတ်ဆက်ပြီးနောက် သူ့အစ်ကိုကို တွေ့လိုက်သည်နှင့် Cherry သည် ချက်ချင်းပင် ချိုချိုသာသာ ပြုံးကာ "အကို့ကို လွမ်းနေတာ သိလား Pete!"

Pete သည် လက်ရှိတွင် သူရဲ့ အိမ်စာများကို အလေးအနက်ထားပြီး လုပ်နေတာ ဖြစ်သည်။  ဗီဒီယိုမှာ  သူလေ့လာနေတာကို တွေ့နေရသည်။ ထို့နောက် သူက
သူ့နားကြပ်ကို ကောက်ကိုင်လိုက်ပြီး “မေမေနဲ့ ညီမလေးကိုလဲ လွမ်းနေတာ” လို့ ပြောလိုက်တယ်။

Cherryက “အဲဒါဆိုရင် ခဏလောက် ပြောင်းလို့ရလား”

Pete "??"

သူ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။  "ကျောင်းမတက်ရဘူးလား။  သူငယ်တန်းယူနီဖောင်းက စကတ်နဲ့မလား"

“ဒါပေမယ့်…” Cherryက ခေါင်းငုံ့ကာ လက်မထောင်ပြသည်။  သူမ၏ ချစ်စဖွယ် မျက်နှာငယ်လေးပေါ်တွင် ရှုံ့မဲ့သော အပြုံးတစ်ခု ပေါ်လာပြီး “ကျောင်းမှာ တစ်ယောက်ယောက်က ညီမကို အနိုင်ကျင့်တယ်။  သူက ညီမလေးကို သူ့ရဲ့ ​ဘေးက အရံလူ ဖြစ်​စေချင်​နေတယ်​။"

Pete သည် ထိုစကားကို ကြားလိုက်သည့်အခိုက်တွင် ထိတ်လန့်သွားသည်။  သူက "အကို မင်းနဲ့ လဲမယ်!"

သူ့ညီမကို သူ့နောက်ကသာ လိုက်ဖို့ကို ခွင့်ပြုထားပြီး သူကတော့ ဘေးကနေပါ အကာအကွယ်ပေးထားချင်သည်။  သူ့ညီမလေးကို အနိုင်ကျင့်ဖို့ သတ္တိရှိတဲ့ ကောင်ကလေးက ဘယ်သူလဲ။

Cherry၏မျက်လုံးများ ချက်ချင်းလင်းလာပြီး သူမအစ်ကိုအား မဆိုင်းမတွ ကျောင်းက လုပ်ငန်းစဉ်တွေကို ပြောပြလိုက်သည်။  “အခမ်းအနားမှာ ဖျော်ဖြေဖို့အတွက် ညီမတို့ နေ့တိုင်း အကသင်တန်းတွေ ရှိတယ်။  အဲတာဆိုတော့ ညီမတို့ လေ့ကျင့်ရမှာပေါ့”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now