အသိစိတ်လွတ်ချင်ချင်ဖြစ်ကာ ကြောက်ရုပ်လိုငြိမ်သက်နေဆဲဖြစ်နေသော ဂျောင်ဂုကို ထပ်ပြီးဒုက္ခပေးချင်တော့ နီရဲရွှန်းစိုနေသည့် ထယ်ယောင်း၏နှုတ်ခမ်းလွှာများက ဂျောင်ဂုနားရွက်နား တိုးကပ်သွားပြန်ကာ လေသံတိုးတိုးဖြင့် -

" နောင်လည်း အမြဲတမ်းမြင်နေရမယ့် ကို်ယ့်တူလေးကို ဒီလောက်ကြီး ကြည့်နေစရာလိုလို့လား ဦးရဲ့။ အပြင်လျှောက်လည်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် ကားဆီသွားကြရအောင်လေနော် "

သူ့စကားအဆုံး နှုတ်ခမ်းကိုပြန်ရုတ်သိမ်းတော့ ​ဂျောင်ဂုပါးပြင်ပေါ် လေအချို့ပွတ်တိုက်သွားသလို ခံစားရသည်အထိ အနီးကပ်ဆုံးအနေအထားဖြင့်။ သူ့ပါးပြင်ကို ထယ်ယောင်းနမ်းမိသွားရင်တောင် အဆင်ပြေနိုင်သေးပေမယ့် အခုလိုမထိတထိလုပ်ပုံကြောင့် ဂျောင်ဂုရင်ထဲ ခိုးလို့ခုလုသာ ဖြစ်ကျန်ခဲ့သည်။

အရင်လို အပြစ်ကိုဖုံးကွယ်၊ ရှက်ရမ်းရမ်းပြီး ထယ်ယောင်းကို ဆူဖို့ကျပြန်တော့ ထယ်ယောင်းဘက်က စည်းကျော်သောလုပ်ရပ်မျိုး လုပ်ခဲ့ခြင်းမရှိ။ သာမန်အပြုအမူလေးတွေကို အထူးအဆန်းလို အံ့သြမှင်တက်ပြီး ရင်ခုန်သွားတဲ့သူ့ဘက်ကပဲ မှားယွင်းနေခဲ့တာ မဟုတ်လား။

" ငါ့တူလေး အရမ်းတွေချောမောနေလို့ ဦးက ပီတိတွေဖြစ်ပြီး ကြည့်နေမိတာပါကွ။ လျှောက်လည်ဖို့ အချိန်တွေလျော့ကုန်တော့မှာပဲ...လာ သွားကြစို့ "

မတတ်နိုင်သည့်အဆုံး စိတ်ကူးပေါက်သလို ဆင်ခြေပေးကာ ခပ်သုတ်သုတ်ကားဆီပြေးသွားသည့် ဦးကြောင့် ထယ်ယောင်းလည်း အကျေနပ်ကြီးကျေနပ်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။ ဟန်တောင်မဆောင်နိုင်လောက်အောင် မူပျက်နေတဲ့ ဦးပုံစံက ထယ်ယောင်း အနိုင်ရနေကြောင်း သက်သေပဲ မဟုတ်လား။
~~~~~ 50 shades of Kim ~~~~~

" ဦးကို လက်ချိတ်ထားလို့ ရမလား။ ဒီဘက်ခေတ်မှာ အဖေနဲ့သားနဲ့လည်း လက်ချိတ်ပြီးသွားနေတာပဲဆိုတော့ ပြဿနာမရှိလောက်ဘူး ထင်တယ် "

Shopping Mallထဲရောက်ရောက်ချင်း လျှို့ဝှက်ခေါ်ထားသည့် ကင်မရာမန်းတွေရောက်မရောက် သေချာစစ်ပြီးမှ ဦးကို လက်တွဲဖို့ ခွင့်တောင်းလိုက်သော ထယ်ယောင်း။ မြင်ရုံနဲ့တင် အသက်အရွယ်ကွာခြားမှန်း သိသာသည့်အပြင် ယောက်ျားသားနှစ်ယောက်ဖြစ်နေ၍ ပြဿနာမရှိနိုင်လောက်ဟုတွေးကာ ဂျောင်ဂုလည်း အလွယ်တကူ ခေါင်းညိမ့်လိုက်သည်။

50 Shades of KimWhere stories live. Discover now