အပေါ်ဆုံးကြယ်သီးကပင် ရင်ဘတ်ညှပ်ရိုးအောက်ထိပါသော ရင်ဟိုက်အင်္ကျီလေး စဝတ်လိုက်ချိန် ဖွေးဖွေးဖြူသော ရင်ဘတ်တစ်စွန်းတစ်စနှင့် Sexy boneလေးက အထင်းသားမြင်နေရ၍ ထယ်​ယောင်း ကျေနပ်စွာပြုံးလိုက်သည်။

ဒူးအထိတောင်မရောက်သော ဘောင်းဘီတိုလေးပေါ်ကို အင်္ကျီဖြင့်အုပ်နေ၍ ဘောင်းဘီကို မမြင်ရသလောက်နီးနီး။ မိုးပြာရောင် ရှပ်အင်္ကျီအပွလေးမှာ ချစ်စရာကောင်းလှသော အဖြူရောင်ပန်းပွင့်ကွက်များလည်းပါသေးတော့ အလှနတ်ဘုရားလေး ​ထယ်ယောင်းနဲ့ လိုက်ဖက်လွန်းနေခဲ့တာ။

စိတ်ကျေနပ်လောက်အောင် ပြင်ဆင်ပြီးမှ Credit Cardသာထည့်ထားသည့် အညိုရောင် Gucciအိတ်လေးကို ဘေးတစ်စောင်းလွယ်ရင်း နောက်ဆုံးအကြိမ် မှန်ကြည့်လိုက်သည်။ နောက်ဆုံးတော့ ဦးဂျွန်ကို ညာပြီး Dateဖို့ အဆင်သင့်ဖြစ်သွားခဲ့ပြီ။

သူ့ဦးကတော့ ထယ်​ယောင်း ရိုးရိုးသားသား အပြင်လိုက်ပို့ခိုင်းသည်ဟုသာ သိထားလိမ့်မည်။ အမှန်စင်စစ်တွင်မူ သူတို့နှစ်ယောက် အတူလျှောက်လည်ပြီး Dateနေသည့်ပုံစံမျိုး ပုံမှားရိုက်ဖို့ ထယ်ယောင်းဘက်က ပြင်ဆင်ပြီးခဲ့ပြီ။

" နောက်ထပ် နာရီဝက်နေရင် ငါတို့ရောက်ပြီ အဂျီ။ လူကြားသူကြားထဲ မသိမသာလေး ဓာတ်ပုံခိုးရိုက်ပေးမယ့်သူတွေကို အဆင်သင့်ပြင်ခိုင်းထားလိုက်ပါ "

ဂျီမင်းကို စာလှမ်းပို့ပြီးသည်နှင့် ထယ်​ယောင်းလည်း အခန်းထဲကထွက်လာခဲ့ပြီး ဧည့်ခန်းထဲ အသင့်စောင့်နေသော ဦးဂျွန်ရှိရာဆီ ခြေလှမ်းစလိုက်သည်။ ထယ်ယောင်းအကြံညဏ်က အမှန်တကယ်ကိုအလုပ်ဖြစ်ခဲ့ပြီး ဦးဂျွန်ကို မြင်မြင်ချင်း တစ်ခဏငေးမောသွားရစေသည်အထိ။

အဆင်းကို ဘီးတပ်လိုက်သလို ထယ်ယောင်းဆီက လေးထောင့်ဆန်ဆန်အပြုံးလေးကို ထပ်မြင်လိုက်ရတော့ ဦးဂျွန်နှလုံးသားထဲ မူမမှန်သော စည်းချက်များဖြစ်ပေါ်လာသည်။ ပြင်ဆင်ချိန်မရဘဲ ထိထိမိမိ အတိုက်ခိုက်ခံရ၍ နှလုံးသားက ခံနိုင်ရည်မရှိတော့ဘူးလေ။

လဲပြိုနေသော သူ့နှလုံးသားကို မညှာမတာရက်စက်ချင်နေသော ထယ်ယောင်းက သူ့ရှေ့အထိ အနီးဆုံးလာရပ်တော့ ထိုင်လျှက်ဖြစ်နေသော အနေအထားမှာ ဂွမ်းလုံးလေးလို ဖြူဥနုဖတ်နေသည့် ပေါင်တံလေးများက မြင်ကွင်းထဲဝင်ရောက်ကာ တစ်ကိုယ်လုံးကို ကြက်သီးထလာအောင် ပြုစားလိုက်ပြန်၏။

50 Shades of KimWhere stories live. Discover now