Unicode
ဒီနေ့ လသာနေသည်။ ဝမ်းနည်းစရာကောင်းလောက်အောင်ပင် တစ်ထီးတည်းတောက်ပစွာ လင်းလက်နေသည်။
နက်မှောင်လျက်ရှိသည့်ကောင်းကင်ပေါ်က လမင်းအား ငေးမောကာ အတွေးထဲ နစ်ဝင်နေသည့် ကောင်လေးတစ်ယောက်လည်းရှိပေသည်။
"ကျစ် ဒီနေ့လည်း အိပ်မပျော်တဲ့ညပဲဖြစ်ဦးမယ်။ နှစ်တွေဒီလောက်ကြာပြီးမှ ခင်ဗျားကလာအနှောင့်အယှက်ပေးချင်တုန်းနော်"
ပြောလျက်ပင် ခနဲ့ဟန်ဖြင့် ပင့်တက်သွားသော နှုတ်ခမ်းပါးတစ်ဖက်
ကျွန်တော်ကတော့ ရှင်းဂျိတ်ခ်ပါ ကိုးရီးယားနာမည်ကတော့ ရှင်းဂျယ်ယွန်းပေါ့။ ကျွန်တော်နဲ့ပတ်သတ်ရင် များများစားစားစိတ်ဝင်စားစရာတော့မရှိပါဘူး။ ကျွန်တော် Architect တစ်ယောက် တစ်နေ့ တစ်နေ့ client နဲ့တွေ့မယ် မတူညီတဲ့အဆောက်အဦးအမျိုးမျိုးအတွက် ဒီဇိုင်းတွေဆွဲမယ်။ ပင်ပန်းပေမဲ့ တစ်ခါတစ်လေကျလည်း စိတ်ပျော်စရာတစ်ခုလိုမျိုး။ ထားပါ ကျွန်တော့်အလုပ်အကြောင်းကို ဘယ်သူမှစိတ်ဝင်တစားရှိမယ်လို့မထင်ဘူး။ ထွေထူးလည်းရှိမှမရှိတာ။
ကျွန်တော်ငယ်ငယ်က နည်းနည်းမဟုတ်ဘူး တော်တော်ကြီးဆိုးခဲ့ဖူးပေမဲ့ အခုလက်ရှိမှာတော့ သာမန်ဆန်လွန်းတဲ့နေ့ရက်တွေကို ပုံမှန်လေးဖြတ်သန်းနေတဲ့ သာမန်လူတွေထဲက သာမန်လူတစ်ယောက်ပါပဲ။ အင်းလေ မိုက်ရူးရဲဆန်ဆန်ဆယ်ကျော်သက်အရွယ်လူငယ်လေးနဲ့ ၂၆နှစ်အရွယ်အမျိုးသားက စိတ်နေစိတ်ထား ချင်းဘယ်တူနိုင်ပေါ့မလဲ။
ခါတိုင်းဆို အလုပ်ကြောင့်မှမဟုတ်ရင် ဒီလိုညနက်တဲ့အထိနေလေ့မရှိပါဘူး။ အရာအားလုံးသူ့နေရာနဲ့သူ ပုံမှန်ဖြစ်နေတဲ့နေ့တွေကို ဗြောင်းဆန်အောင်လုပ်မယ့်သကောင့်သားက ပေါ်လာတော့မယ်လေ။
ကျွန်တော်အလုပ်လုပ်ပေးရမယ့် နောက်ထပ်clientက အီဟီဆွန်း ၊ ကျွန်တော့်အချစ်ဦး တစ်ဖြစ်လဲ ရည်းစားဟောင်း။
အီဟီဆွန်းနဲ့ပတ်သတ်ရင်သိထားသင့်တဲ့အချက် မဟုတ်ဘူး သိကိုသိရမယ့်အချက် (၃)ချက်ရှိတယ်။
နံပါတ်(၁)-အီဟီဆွန်းကတစ်ကိုယ်ကောင်းဆန်တယ်။
လုံးဝကိုသူ့အတွက်ပဲသူကြည့်တဲ့လူစားမျိုးပါ။ ဉာဏ်ပြေးသလောက်လည်းတစ်ကိုယ်ကောင်းဆန်တယ်။ သူ မင်းအပေါ်အရမ်းကောင်းပြလိုက်တာနဲ့ မင်းက သူ့အတွက်အရေးပါတဲ့သူဖြစ်ပြီဟေ့လို့မထင်လိုက်နဲ့။ အကြောင်းတစ်ခုခုဆို သူကောင်းဖို့အတွက်နဲ့ပဲ မင်းကိုပစ်ချပစ်ခဲ့ဖို့ ဝန်မလေးတဲ့သူ။
YOU ARE READING
Reset
FanfictionLet's reset everything happened between us 《HeeJake Myanmar fan fiction》 There are three things you should know about Lee Heeseung. No.1-Lee Heeseung is selfish. No.2-Lee Heeseung will never be a good person. And No.3-Lee Heesung is lonely.
