Thingyan Extra(1)💦Uni

Bắt đầu từ đầu
                                    

"ဟုတ်ကဲ့ကျွန်တော်ပြည့်ဖြိုးပါ...တွေ့ရတာဝမ်းသာပါတယ်"

မြတ်မင်းပိုင် ကတော့ကမ်းပေးတဲ့လက်ကိုဥပေက္ခာပြုကာသာဗျောခါးလေးသို့ဖတ်လိုက်သည်။

"ေဟျာင့်ပြည့်ဖြိုးဒါက..."

"ငယ့်ရဲ့ယောက်ျား...ငယ့်ကိုအရမ်းရမ်းချစ်ပေးတဲ့ငယ်ရဲ့ယောက်ျားချောချောလေး..."

"ဟုတ်ကဲ့ကလေးပြောလို့သိပြီးပါပြီ...."

ပြည့်ဖြိုးစကားကြောင့်မြတ်မင်းပိုင်ကြောင်သွားတော့သည်။

"ဘာပြောတယ်...ကလေး...ဟုတ်လား"

နန္ဒနှင့်လရောင်ကတော့ဘာမှဝင်မပြောအခြေအနေကိုကြိုသိနေသောကြောင့်အနောက်ဆုတ်နေကြ၏။

"သြော်...ကျုပ်ကသာဗျောကိုငယ်ငယ်လေးကတည်းကကလေးလိုချစ်ဖို့ကောင်းလို့ကလေးလိုခေါ်တာပါ.."

"ခေါ်စရာမလိုဘူး....မင်းအခုပြန်လိုက်တော့....ငါတစ်ခါတည်းပြောလိုက်မယ်...."

မြတ်မင်းပိုင်တစ်ယောက်ပြည့်ဖြိုးအင်္ကျီစကိုဆွဲကာပြည့်ဖြိုးနားသို့ကပ်ပြီး....

"သေချင်ရင်အရှေ့တစ်လှမ်းတိုးလိုက်..."

မြတ်မင်းပိုင်ရဲ့ပြတ်သားသောအသံကြောင့်ပြည့်ဖြိုးတစ်ယောက်လန့်ဖြန့်ကာမြတ်မင်းပိုင်ကိုကြောင်ပြီးကြည့်လိုက်သည်။.ပြီးနောက်ပြည့်ဖြိုးအင်္ကျီစကိုလွှတ်ပေးလိုက်သောကြောင့်ပြည့်ဖြိုးလည်းထိုနေရာမှလှည့်ကာထွက်သွားတော့သည်။
သူထွက်သွားပြီးချိန်မှစ၍သာဗျော့လက်ကောက်ဝတ်သို့မြတ်မင်းပိုင်ခပ်ကြမ်းကြမ်းစွဲကာအိမ်ပေါ်သို့ခေါ်သွားတော့သည်။

"Boss..စိတ်ထိန်းနော်.ရန်မဖြစ်ကြနဲ့....ဒီနေ့ကသင်္ကြန်အကြိုနေ့လေ....မိုးသိကြားမင်းကြီးသိသွားရင်အရိုက်ခံနေရမယ်......ဟားဟားဟား "

နန္ဒတစ်ယောက်ခြံထဲမှအိမ်ပေါ်သို့တက်သွားသောမြတ်မင်းပိုင်အားလှမ်း၍အော်နေတော့သည်။

"ကိုကို..."

"ဗျာ..."

"အကိုမြတ်မင်းပိုင်ကသာဗျောကိုအရမ်းချစ်တာပဲ...ကိုကိုရောBabyကိုချစ်သေးရဲ့လား"

ခင်ဗျားကြီး...ဗျာ💕(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ