Thingyan Extra(1)💦Uni

Start from the beginning
                                    

မြတ်မင်းပိုင် မျက်နှာသစ်ပြီးအဝတ်အစားလဲကာအောက်သို့ဆင်းလာခဲ့၏။စားပွဲခုံတွင်တော့​မြတ်မင်းပိုင်အဖေနှင့်သာ​​​ဗျောအဖေတို့စကားပြောနေကြပြီးနန္ဒ,လရောင်နှင့်သာဗျောတို့ကတော့ခြံထဲတွင်သူစိမ်းတစ်ယောက်နှင့်စကားရပ်ပြောနေကြ၏။.ထိုအခါမြတ်မင်းပိုင်လည်းသာဗျောတို့နားလျှောက်သွားချိန်တွင်သူစိမ်းတစ်ယောက်ကသာဗျောပုခုံးနားသို့ရေလောင်းတာတွေ့လိုက်ရသည်။.ဒါကိုမကျေနပ်သောမြတ်မင်းပိုင်လည်းလမ်းကိုပင်ခပ်သွက်သွက်လျှောက်လာသည်။

"အာ...အဖေ့သားMorning..."

ဦးမြတ်မင်းနှုတ်ဆက်နေတာတောင်ပြန်မနှုတ်ဆက်ဘဲငယ့်စီသာဦးတည်သွားနေသောမြတ်မင်းပိုင်ကိုဦမြတ်မင်းနှာခေါင်းရှုံ့လိုက်သည်။

"ဒီကောင်ကယောက်ျားရသွားတာနဲ့အဖေ့ကိုတောင်လှည့်မကြည့်တော့ဘူး....တယ်ခက်ပါကိုး..."

ထိုအချိန်ဦးသာမောင်လည်းဦးမြတ်မင်းကိုသေချာစိုက်ကြည့်ကာ...

"ဟျောင့်မြတ်မင်း..လူဆိုတာအချစ်ကိုတွေ့သွားရင်လေ...ဘာမှသူတို့မမြင်တော့ဘူး..သူတို့မြင်တာကသူ့အချစ်ကိုပဲတဲ့..."

"ဒါဆိုကိုယ်လည်း...ယောက်ျားယူရတော့မယ်နဲ့တူတယ်..."

"ဘာဆိုင်လို့တုန်း.... "

"အချစ်ကိုမြင်ချင်လို့လေ..."

ဦးသာမောင်တစ်ယောက်ဟက်ဟက်ပက်ပက်ရယ်ကာ....

"ခင်ဗျားပုံကရိပ်သာဝင်ရတော့မယ်ဗျာ....ကြီးမှဝက်သက်မပေါက်ချင်စမ်းပါနဲ့.."

"ဟုတ်ပါပြီဗျာ...."

ဦးမြတ်မင်းနှင့်ဦးသာမောင်တို့နှစ်ယောက်ရယ်မောပျော်ရွှင်စွာစကားပြောနေချိန်တွင်ဘီလူးဆိုင်းစီးနေသောမြတ်မင်းပိုင်တစ်ယောက်သာဗျောဘေးနားသို့သွားရပ်ကာထိုလူအားစိုက်ကြည့်ပစ်လိုက်သည်။

"ငယ်သူကဘယ်သူလဲ...ဒီရွာမှာတစ်ခါမှမတွေ့ဖူးဘူး...ပြီးတော့ဘာလို့ငယ့်ကိုရေလောင်းတာလဲ"

"ဦးရယ်ဖြေးဖြေးမေးပါ....မိတ်ဆက်ပေးရတာပေါ့...သူကဦးဖိုးတုတ်ရဲ့တူ ကိုပြည့်ဖြိုးတဲ့ငယ်သူငယ်ချင်းတွေလေ..သူကအခုမှမန္တလေးကပြန်လာတာ"

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now