ထယ်ယောင်းကြောင့်သာ မတတ်သာဘဲ ဖယ်ပေးလို်က်ရသည်၊ ဂျီမင်းတို့ စိတ်က သိပ်ပါလှသည်မဟုတ်။ ထယ်​ယောင်းတို့ကြား ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ဖူးတာမျိုးမရှိခဲ့ဖူးပေမယ့် စိတ်တော့ပူမိသေးတာ။

" ရော့ ဒီမှာ နင်ကျောင်းမတက်တဲ့ သုံးရက်က သင်ထားသမျှစာတွေ။ ငါ့နောက်က ပြတ်မကျန်ခဲ့အောင် ဒီစာတွေကို အသေအလဲလုပ်လိုက်ဦးနော်။ ငါ့ပြိုင်ဘက်လေး မရှုမလှရှုံးမှာစိုးလို့ စေတနာနဲ့ လုပ်ပေးတာ "

စာရွက်တစ်ထပ်ကြီးကို ထယ်ယောင်းစားပွဲပေါ် ဝုန်းခနဲပစ်ချပေးရင်း စကားလုံးဖြင့်ခနဲ့လာသော သူမ။ ထယ်ယောင်းဘက်က စကားတုန့်ပြန်လာသည်ကိုလည်း မစောင့်ချင်ပြန်တော့ သူပြောချင်ရာပြောပြီး သူ့နေရာကို ပြန်လာခဲ့လိုက်သည်။

မုန်းခြင်း မုန်းခြင်းဟူ၍မရှိဘဲ ပြိုင်ဆိုင်ချင်စိတ်ကြောင့်သာ ပြိုင်ဘက်ဖြစ်နေရသည်မို့ အချင်းချင်းကြား အပြန်အလှန် လေးစားမှုထားတတ်ခြင်းက သူတို့နှစ်ယောက်ကြား ညှိယူစရာမလိုသည့် ပြိုင်ပွဲစည်းကမ်းတစ်ခုလိုဖြစ်နေခဲ့သည်။

အလွယ်တကူရနိုင်သည့် အနိုင်ရခြင်းမျိုးကို မခုံမင်တတ်ကြသူများမို့ ကိုယ့်ပြိုင်ဘက်ကို တန်းတူရည်တူဖြစ်အောင် ကူညီပေးတတ်ကြတာကလည်း အစဥ်အလာလိုဖြစ်နေခဲ့ပြီ။ အခုဆို ထယ်ယောင်း ကျောင်းစာနောက်ကျပြီး အဆင့်မပြိုင်နိုင်မှာကြောက်လို့ စာတောင်ကူးပေးထားလိုက်သေးတာ။

ကျေးဇူးပါ ဆိုဟီးရေ။ ငါတို့ကြားမှာ ကျေးဇူးတင်တယ်ဆိုတဲ့စကားကို ပြောလေ့မရှိကြပေမယ့် နင့်ကို တကယ် ကျေးဇူးတင်ပါတယ်။ နောက်လည်း နင့်ဆီက အကူအညီယူစရာတွေရှိသေးလို့ ဆက်ပြီးကူညီပေးပါဦး ဟန်ဆိုဟီး။
~~~~~50 shades of Kim ~~~~~

Mirae လုပ်ငန်းစု၊ ဒုမန်နေးဂျင်းရုံးခန်း...။
ထိုရုံးခန်းထဲတွင် အတွင်းရေးမှူးတောင် အနားမှာမထားဘဲ ကွန်ပျူတာတစ်လုံးရှေ့ချကာ တစ်စုံတစ်​ယောက်နှင့် Online Meetingတစ်ခု ပြုလုပ်နေသူက လုပ်ငန်းစု၏ ဒုမန်နေးဂျင်း ဟန်ထယ်ဆော့။

လက်ရှိကုမ္ပဏီအုပ်ချုပ်သူ ကင်မင်ယောင်းပြီးလျှင် ဒုမန်နေးဂျင်း ဟန်ထယ်ဆော့က ရာထူးအကြီးဆုံးဖြစ်သလို မင်ယောင်း၏ အယုံအကြည်ရဆုံး လူယုံတစ်ယောက်လည်းဖြစ်သည်။ အရေးကြီးကိ္စ္စတိုင်း လျှို့ဝှက်တိုင်ပင်လေ့ရှိသော သူတို့နှစ်ယောက်က ကင်မင်ယောင်း ခရီးထွက်နေသည့်တိုင် Onlineဖြင့် ဆက်သွယ်တိုင်ပင်နေဆဲ။

50 Shades of KimWhere stories live. Discover now