Part - 11 🚨

21.7K 1.3K 92
                                        

Unicode

အနမ်းကြမ်းကြမ်းများနဲ့ အစပြုလာတဲ့ သူ့ကို ပြန်နမ်းနေမိပေမယ့် စိတ်ထဲမှာ အနည်းငယ် တွန့်ဆုတ်နေသလို ခံစားရသည်။

ဒါဟာ ဂျောင်ဂုအတွက် ပထမဆုံးအကြိမ်မို့လို့လား ? ယောင်္ကျားတစ်ယောက်နဲ့ဖြတ်သန်းရမှာမို့လို့လား ? ဒါမှမဟုတ် ဘာတွေကြောင့်များလဲ မသိစွာဖြင့် စိတ်လှုပ်ရှား တွန့်ဆုတ်နေမိသည်။

လူပေါ်ခွထိုင်ကာ အတင်းနမ်းနေတဲ့ သူ့ရဲ့မျက်နှာလေးက်ို အလျှင်စလို ဖမ်းထိန်းကိုင်လိုက်ကာ သူ့ရဲ့ ခရမ်းရောင်မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

"Violet .. မင်း ဒါကို တကယ်လုပ်ချင်တာ သေချာရဲ့လား ?"

ကိုယ် ဘာကိုဆိုလိုလဲ သူ သိသည်။ ကိုယ်က ကိစ္စမရှိပေမယ့် သူ့ဘက်ကို တွေးမိတာမို့ မေးမိခြင်းသာ။

တကယ်လည်း မေးသင့်တာပဲလေ .. ဂျောင်ဂုတို့နှစ်ယောက်က ချစ်သူတွေမှ မဟုတ်ကြပဲ။

သူက နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး ရီဝေစွာပြန်ကြည့်သည်။

"သေချာတာထက် ပိုတယ် Guk ! အရာအားလုံးက်ို မင်းနဲ့အတူ ခဏလောက်တော့ မေ့ထားချင်တယ် .. Guk .. ငါမင်းကို လိုအပ်တယ်"

"ငါတို့က ချစ်သူတွေ မဟုတ်ရင်တောင်မှလား ?"

သူက ဂရုမစိုက်စွာ ပြုံးသည်။

"ငါတို့က သူငယ်ချင်းတွေလည်း မဟုတ်ပါဘူး"

ပြောရင်းမှ သူက ဂျောင်ဂုရဲ့ခန္ဓာက်ိုယ်ကို ရင်ဘတ်ကနေ ဖြည်းဖြည်းချင်း ဆိုဖာပေါ် လှဲချသည်။

ပြီးတော့ အဓိကနေရာပေါ်ကို တည့်တည့်လာထိုင်ပြီး အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွ စ ပြီး ဆွဲယူကာ နမ်းလာသည်။ အနမ်းတွေ ပိုပိုပြီး တိုးကာ သည်းလာသည်။ သူ့အနမ်းတွေဟာ ခုနကလို မကြမ်းတော့ပဲ နူးညံ့လာသည်။

ဒါဟာ ခုနက Kim Vante တောင် ဟုတ်ရဲ့လား ?

သူ့ရဲ့နူးညံ့တဲ့အထိတွေ့တွေကို မလွန်ဆန်နိုင်ပဲ အလိုလို တုံ့ပြန်နေမိသည်။ အဲ့ကနေမှတစ်ဆင့် လည်ပင်းဆီသို့ တဖြည်းဖြည်းရောက်လာတဲ့ စိုစွတ်တဲ့ သူ့နှုတ်ခမ်းများ။

Play Me A MemoryWhere stories live. Discover now