အပိုင်း ၂၀

Start from the beginning
                                    

"တော်ပြီလေ.. တျောပွီ မောင်ဖြေရှင်းပေးမှာမို့လို့ လက်ဝါးနုနုတွေကို ထပ်ပြီး အနာမခံပါနဲ့ကွယ်.."

ထိုအခါ မြတ်ကြည်ရဲ့ လက်တွေမှာ အားအင်တွေကုန်ခမ်းသွားသယောင် တုန်ယင်၍ ပျော့ပြောင်းသွားပြန်သည်။

"ဟေ့ကောင်တွေ မင်းတို့တော့ ငါ့ကို အလုပ်ပေးပြန်ပြီကွာ..." ဟုဆိုရင်း ရုတ်ရုတ်သဲသဲဖြစ်နေသည့် ခေါင်ရည်ဆိုင်ထဲ ဝင်လာသည့် လူကြီးတစ်ဦးနှင့် သူကြီးဦးသာအေးသည် ခြေလှမ်းသွက်သွက်တို့ဖြင့် ရောက်ချလာလေသည်..။

"ဟာ..အဘ "

"အေး ငါမင်းအဖေ..."

"အတော်ဘဲဗျာ အဘ ဒီလူ ကျုပ်လက်ကို ချုပ်ထားတာတွေ့.........."
စကားပင်မဆုံးလိုက်ခင်မှာဘဲ သူကြီးဟုယူဆရသည့် ရွာလယ်ရွာ၏သူကြီးဦးစံသောင်းမှာ သားဖြစ်သူအား နားရင်းပိတ်အုပ်ပစ်လိုက်သည်။

"ဟာ...အဘ....ဘာလုပ်တာလဲဗျာ.."

"မြန်မြန်တောင်းပန်လိုက်စမ်း..အဲ့တာ မြို့အုပ်မင်းနဲ့ မြို့အုပ်ကတော်ကွ..."

"ဗျာ..! ဘယ်လို...ဟာ..!!."

သူကြီးဦးစံသောင်းက သူ့သားအမှားအတွက် ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုနေလေရဲ့... ဒီသားကို သူမနိုင်သည်ကြောင့်လည်း ပါ၏..။အခါအခွင့်သင့်တုန်း တစ်ခါထဲ ပြင်းပြင်းထန်ထန်အရေးယူပေးသွားမှ တော်ခါကျမှာ.....

"ကျုပ် ဇနီးကို အခုချက်ချင်းတောင်းပန်လိုက်ပါ မောင်ရင်..မဟုတ်ရင် မင်းပိုဆိုးမယ်မှတ်.."

မြေပြင်ပေါ်အမြန်ဝပ်တွားလို့ သုံးယောက်သား မြတ်ကြည်ကို အကြိမ်ပေါင်းများစွာအထိ တောင်းပန်ခဲ့ရသည်။ တုပ်တုပ်မှမလှုပ်သည့်မြတ်ကြည်ဟာ အမုန်းတွေပင် ပြေပျောက်ပါ့မလားမသိ..။ မိန်းမတွေကို တိရိစ်ဆာန်တစ်ကောင်လို သတ်မှတ်ထားသည့် ဤလူသားတွေကိုပင် မျက်လုံးထဲပင် မမြင်ချင်တော့ပေ....။

"အိမ်ပြန်ချင်တယ်.. ။ မြတ်ကြည် အိမ်ဘဲပြန်ချင်တယ် မြို့အုပ်မင်းရယ်.."

စောသိုက်ခေတ်က ခေါင်းညှိမ့်ပြလို့ သဘောတူလိုက်တယ်။

"မနက်ဖြန် မိုးလင်းတာနဲ့ ကျုပ်ခြံထဲမယ် ခင်များတို့ကို အသင့်စောင့်နေမယ်... ကျုပ်ကိုလာတွေ့လှည့်... "

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now