အပိုင်း ၂၀

52.6K 4.4K 210
                                    

မြတ်ကြည်၏ ပါးပြင်နုနုထက်ဝယ် မသက်ဆင်းခင်မှာဘဲ အနောက်ဘက်ကနေ ထိုလက်အား ဖမ်းယူလိုက်သည့် လက်တစ်ဖတ်သည် မည်သူနည်း..။

မြတ်ကြည် လှည့်ကြည်ဖို့ပြင်တော့ ထွက်ကျလာသည့် အသံခပ်ဩဩက မြတ်ကြည်ကို အံ့ဩစေသည်။ အတိအကျပင် မှတ်မိနေစရာမလိုအောင် အခါတစ်ရာသေချာနေပါသော....

"မြို့အုပ်မင်း..."

"မောင်အပြန်နောက်ကျသွားတယ် အချစ်ရယ်.."

ရင်ခွင်ထဲကိုထည့်ထားသလိုဖြစ်နေသော မြို့အုပ်မင်းက မြတ်ကြည်ရဲ့ လည်ပင်းအနောက်ဘက်မှ သိမ်းကျုံးဖတ်သိုင်းရင်း ခေါင်ရည်နံ့ဆွဲနေသော မျက်နှာနုနုဆီ အနံ့ခံကြည့်သည်။

"ဆိုးဝါးလိုက်တဲ အနံ့..."ဟူ၍ပင် ခပ်တိုးတိုးညည်းညူသေးသည်။

...."ဟေ့လူ ခင်များကဘာလဲ ဘာကြောင့်ကျုပ်လက်ကိုချုပ်နှောင်ထားတာလဲ.."

ဘေးက အပေါင်းအပါနှစ်ယောက်က မြို့အုပ်မင်းဆီ တိုက်ခိုက်ရန်အသင့်ချည်းကပ်လာကြ၏။...။

"အို ဘာကြောင့်များလွှတ်ပေးရမှာလဲကွ..ပြီးတော့ ဘာဆိုင်သလဲဟုတ်လား ဖြေပေးမယ် ဒီကလေးမက ကျုပ်ရဲ့ဇနီးဘဲ..."

မျက်မှောင်ကျုပ်လို့ အမှားမှန်းရိပ်မိသွားချိန် ထိုလူငယ်သုံးယောက်က မျက်စိပျက်နှာပျက်နှင့်...သို့သော်လည်း အမှားကို ကာချင်သေးသည်။

"အဲ့တော့ဘာဖြစ်လဲ.. ခင်များ မယားက ကျုပ်တို့ကို အရင်လာပြီး မြှူဆွယ်နေတာ..."

"ကာမပိုင်ရှိ အမျိုးသမီးက ခေါင်ရည်ဆိုင်ရှေ့ဘာလို့လာရပ်နေသလဲ.. အဆင့်အတန်းမဲ့လိုက်တာ... မိန်းမဆိုတာ အိမ်ထဲမှာနေပြီး ထမင်းဟင်းချက်ဖို့နဲ့ ကလေးမွေးပေးဖို့ သပ်သပ်ဘဲ...ရှင်းရှင်းထပ်ပြောရရင်...အစ်.....!!"

ဖြောင်း! ဖြောင်း!

မြတ်ကြည်ရဲ့ လက်ဝါးဟာ ထိုလူသားရဲ့ဘယ်ဘက်ပါးပြင်ပေါ် အရှိန်အဟုန်ပြင်းစွာ သက်ဆင်း၏..။။ မျက်ထောင့်နီနီများနှင့်ကြည့်နေသည့် မြတ်ကြည်မှာ နောက်ထပ်အချိန်မလင့်စေဘဲ ညာဘက်ပါးပေါ် စိတ်ကြိုက်ရိုက်ချပြန်သည်။

တတိယံမိ လက်ဝါးဟာ နောက်တစ်ကြိမ် ထိုလူသားရဲ့မျက်နှာပေါ်မသက်ဆင်းခင် စောသိုက်ခေတ် အမိဖမ်းလိုက်ရသည်။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now