ယမ်ယမ်ကအမြန်ပြေးထွက်သွားသည်...
ယမ်ယမ်ကအပြေးပြိုင်တဲ့နေရာမှာဆုရထားတာမို့လို့ ဒီလိုနေရာတွေမှာလဲတော်သည်..
----
ရှောင်ကျန့်ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်နေတယ်.
"ငါ့မှာပါးတစ်ယောက်လုံးရှိတယ် ပိုက်ဆံလဲကြိုက်သလောက်သုံးလို့ရတယ် ငါ့ကိုလို‌ချင်တဲ့သူတွေမှ တန်းစီလို့ ဟင်း အဲ့လိုကလေးအဖေ လူလိမ်အတွက်ခံစားနေရမာလား"

ရှောင်ကျန့် ဈေးတစ်ဈေးလုံးပတ်ပြီး ဝယ်ချင်တာတွေဝယ်ပစ်လိုက်တယ်....

"ဟူး မောလိုက်တာ အခုမှပဲပေါ့ပါးသွားတော့တယ်...
....."ဒီအကျီလေးကကိုကိုနဲ့ဆိုလိုက်မှာပဲ..."
"ချီးပဲ ခေါင်းထဲကထုတ်ပစ်စမ်းပါ..ယမ်ယမ်နဲ့ ကျန်းချန်အတွက်ဝယ်တာမှအကျိုးရှိဦးမယ်"
-----
ရှောင်ကျန့်ထိုင်းကိုရောက်တာ ၇ရက်ရှိပြီ ဆိုတော့ပျင်းလာသည် တစ်ချိန်လုံးလျှောက်သွားရတာလဲ ပင်ပန်းလာပြီ...

"သား ဘယ်တွေသွားနေတာလဲ ပါးနဲ့လိုက်ခဲ့"
"ဘယ်ကိုလဲ "
"Party တစ်ခု...အရေးကြီးတာတွေထဲကတစ်ခုမို့လို့အရမ်းမကဲပဲ ငြိမ်ငြိမ်လေးနေနော်"
"ဟုတ်"
-----
ဘာpartyလဲတော့ ရှောင်ကျန့်မသိ ခမ်းနားတာတော့အမှန်ပင် လူမျိုးခြားတွေများတာမို့ English စကားတစ်မျိုးကိုသာအသုံးပြုကြတယ်...
ပါးနဲ့သူနဲ့ကတော့ စားပွဲဝိုင်းတစ်ခုမှာထိုင်ပြီး ဧည့်ခံတာတွေကိုစားနေလိုက်တယ်
.
"အိုး Mr Xiao မတွေ့ရတာကြာပြီ"

အနည်းငယ်သွက်ဟန်ရှိတဲ့ ပါးနဲ့ရွယ်တူမိန်းမတစ်ယောက်ကြောင့်ပါးမျက်နှာပျက်သွားတာ သတိထားမိသည်..

"ဒီတစ်ခေါက် သားလေးကိုပါခေါ်လာတာလား ဒီလိုမှန်းသိရင် ကျွန်မသမီးလေးကိုခေါ်လာပါတယ် လူချင်းတွေ့ပေးရအောင်လို့"
"ဒီမှာ မဒမ် ကျွန်တော့်အမျိုးသမီးရှိစဉ်ကဘာတွေပြောခဲ့လဲ စိတ်မဝင်စားဘူး ကျွန်တော်သိလဲမသိဘူး အဲ့တာကြောင့်ကျွန်တော့်သားကိုစေ့စပ်ပြီးသွားပြီ အားနာပါတယ်"
"Mr Xiao ရဲ့အမျိုးသမီးပြောခဲ့တာကိုအခုထိ အတည်ယူထားတာ ဒါကြောင့်ပဲကျွန်မသမီးလေးကို ဘယ်မှ မပါစေပဲ ဥထားရတာခုချိန်ထိပဲ"
"......."
ထိုအမျိုးသမီးထွက်သွားသည်နဲ့..

Headmaster(Complete)Where stories live. Discover now