ဇူအန် ဒေါသထွက်သွားသည်။ ဘယ်သူ့ကို အမှိုက်လို့ခေါ်တာလဲ။
ကိုယ့်ကိုယ်ကိုတောင် ယောက်ျားရယ်လို့ မပြောနိုင်ဘဲနဲ့များ ငါ့ကို အဲ့လိုခေါ်ရလောင်တဲ့ အခွင့်မျိုးမရှိဘူး။

ထိုအဖိုးကြီးနှစ်ယောက်က ဇူအန်၏ ခံစားချက်ကို ဂရုမစိုက်ကြပေ။ လောင်မိုင် ရယ်ကာ ပြောလိုက်သည်။ “အမှန်ပဲ။ သူ ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာကို ငါသိချင်မိတယ်။ သူက ထာဝရရှင်သန်ခြင်းကိုတောင် ရချင်ရဦးမှာ။ ငါကိုယ်တိုင် အတွက်ကတော့ မျှော်လင့်ချက် မရှိတော့ဘူး။ ဒါကြောင့် သူ့ကိုအားကိုးပြီးတော့ နေရတော့မှာပဲ”

ထိုစကားလုံးများက ဇူအန်ကို ရင်ထိစေသည်။ လောင်မိုင်က ဒီလောက် လောက်မြင့်မြတ်တဲ့ စိတ်ထားရှိသူဆိုတာကို မထင်ထားမိဘူး။ ဒီအကြီးအကဲကို ငါ သံသယမဝင်သင့်ဘူး။
ဒါပေမယ့် ဒီအကြောင်းမှာ တစ်ခုခု က တစ်မျိုးလေးဖြစ်နေတယ်။ ခါးအောက်ပိုင်း က ဟိုဟာ မသန်တဲ့သူတွေ က ဖီးနစ်ကောင်းကင်သိုင်းကိုကျင့်ရင် ရလဒ်သိပ်မကောင်းတာတွေရတယ်လို့ လောင်မိုင် ပြောခဲ့တယ်လေ။ ငါ ပြန်ကောင်းသွားတာကို သူ မသိနိုင်လောက်ပါဘူး။ ဒါက အာရုံလွှဲတာများလား။
ဟုတ်တယ်။ လောင်မိုင် က ဝေတန် ကို အရူးလုပ်ဖို့ ကြိုးစားနေတာ။ သူက ငါ့အပေါ် အာရုံအကုန်လွှဲချချင်နေတာလား။ ဒါမှမဟုတ် ငါ့ကို ဝေတန် မသတ်အောင် လုပ်နေတာလား။

ဝေတန်၏ မျက်နှာအမူအရာမှာ အံသြနေပုံရပြီး သက်ပြင်းချလိုက်သည်။ “တစ်နေ့ပြီးတစ်နေ့ အံသြစရာကောင်းတာတွေချည်းပဲ။ ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို ကျင့်တဲ့သူ နှစ်ယောက်တောင် ရှိနေပြီပဲ။ သူ့ကိုပါ ပြန်ခေါ်သွားရင် အရှင်မင်းကြီး သေချာပေါက်ကို ကျေနပ်မှာပဲ”

ဇူအန် စိတ်မချမ်းမသာဖြစ်သွားသည်။
ထိုအဖိုးကြီး၏ စိတ်ဝင်စားမှုကို သေချာပေါက်ကို မရလိုပေ။ ကံမကောင်းသည်မှာ သူ့တွင် ရွေးချယ်စရာမရှိပေ။ ဤလောက် အစွမ်းကြီးသော ကျင့်ကြံသူနှစ်ဦး၏ အရှေ့တွင် ပြောရန် အခွင့်မရှိပေ။

လောင်မိုင် က ဒဏ်ရာရထားပြီးသားဖြစ်ပြီး ဇူအန်ကိုလည်း သယ်နေရသေးသည်။ သူ၏ လှုပ်ရှားမှုက မြန်ဆန်နေသော်လည်း နောက်ဆုံးတွင် လျော့ကျသွားရသည်။
ဝေတန် က ဤအခွင့်အရေးကို သုံးကာ သူတို့အရှေ့သို့ ခုန်လိုက်သည်။ “ယင်လေး ဒီကြောင်နဲ့ ကြွက် ကစား နည်းက အရမ်းကြာနေပြီ။ အခုကိစ္စတွေ ကို အဆုံးသတ်လိုက်ရအောင်”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now