ဇူအန် နောင်တရနေစဉ် ဝေတန် ပြောလိုက်သည်။ “ဟွန်း။ ဒီကိစ္စတွေကို မင်းနဲ့ဆက်ပြီးတော့ စကားရည်မလုတော့ဘူး။ ချူကလန်ရဲ့ လူတွေ လာနေကြပြီ။ မင်းကို အရင်ဖမ်းသွားမယ်။ ပြီးမှပဲ မင်းကို ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်မယ်”

လောင်မိုင် ရယ်လိုက်သည်။ “ငါက အဲ့လို အဖြစ်ခံမယ် ထင်နေလား”
လောင်မိုင် က ဇူအန် ပုန်းနေရာသို့ ရုတ်တရက် ထပြေးသွားသည်။ ဇူအန်ကို ဆုပ်ကိုင်ကာ အမှောင်ထုထဲ ပြေးဝင်သွားသည်။ ဇူအန် က လောင်မိုင်ကို တအံ့တသြ ကြည့်နေမိသည်။
အနီးနားတွင် ဇူအန် ပုန်းနေသည်ကို လောင်မိုင် တစ်လျှောက်လုံး သိထားလေသည်။

ဇူအန် ရုန်းချင်သော်လည်း သူတို့၏ ခွန်အားကွာဟမှု က အလွန်ကြီးမားလှသဖြင့် လောက်မိုင်က သူ၏ပုခုံးကို တစ်ချက်တို့လိုက်ရုံဖြင့် တစ်ကိုယ်လုံး အားပျော့သွားရသည်။
ဇူအန် တွေဝေသွားသည်။ “ကျုပ်က ဘေးကရပ်ကြည့်နေသူတစ်ယောက်ပဲလေ”

“ပိတ်ထား” လောင်မိုင်က ဇူအန်ကို သယ်သွားရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ဝေတန် အံသြနေသည်။ အဲ့ဒီနေရာမှာ တကယ်ပဲ လူတစ်ယောက်ပုန်းနေခဲ့တာပဲ။ ဘာဖြစ်လို့ ငါအရင် သတိမပြုမိတာလဲ။
ဘာပဲ ဖြစ်ဖြစ် အဲ့ဒါကို အတွေးများနေလို့မဖြစ်ဘူး။ သူတို့နောက်ကို ချက်ချင်း လိုက်မှပဲ။ “ ဘယ်ကို ပြေးနိုင်မယ်လို့ ထင်လဲ”

ချူကလန် အစောင့်ရဲမက်များ ရောက်လာရုံအချိန်တွင် ဇူအန် အဖမ်းခံလိုက်ရသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံး အံသြသံများ ပွင့်ထွက်သွားသည်။
“ဟမ်။ အဲ့ဒါ ငါတို့ အိမ်တော်ရဲ့ ဥယျာဉ်မှူး မဟုတ်ဘူးလား”
“နောက် အဖိုးကြီးတစ်ယောက် က ဘယ်သူလဲ”
“အဲ့ဒါ ဘယ်သူလဲဆိုတာတော့ မသိပေမယ့် သူတို့တွေက သခင်လေးကို ဖမ်းခေါ်သွားတာကိုတော့ တွေ့လိုက်တယ်”

အံသြသံများ ဆူညံသွားပြီး အနားတွင် ရပ်နေသောသူတိုင်းက ဇူအန်ကို သွားကယ်ရန် ကြုံးဝါးနေကြသည်။
ချန်းရှို့ပင်း က ရှေ့ထွက်ကာ ပြောလိုက်သည်။ “အဓိပ္ပါယ် မရှိတာပဲ။ ငါတို့ရဲ့ သခင်လေးမှာ အံသြစရာကောင်းတဲ့ အရည်အချင်း နဲ့ ပညာတွေရှိတယ်။ သူက အဲ့ဒီအဖိုးကြီးနှစ်ယောက် က ဘယ်လိုလုပ် အလွယ်တကူ ဖမ်းထားနိုင်မှာလဲ။ သေချာပေါက်ကို ခြေလှမ်းကြိုရောက်နေပြီးတော့ တမင် အဖမ်းခံချင်ယောင် ဆောင်လိုက်တာပဲဖြစ်မယ်”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now