လောင်မိုင် နှာခေါင်းရှုံ့လိုက်သည်။
"ဒါဆို အဲ့ဒီအလကားကောင်က ငါ့အကြောင်းဖော်လိုက်တာပေါ့။ ဘယ်သူ့ကိုမှမပြပါနဲ့လို့ အကြိမ်ကြိမ်သတိပေးထားတာတောင် နာစမထောင်ဘူး။ဒီလိုဖြစ်လာမယ်မှန်းသာ သိရင် သူ့ကို အဲ့ဒီသိုင်းမသင်ပေးပါဘူး"

သင်သည် လောင်မိုင်ထံမှ အမျက်ပွိုင့် ၇၆၀ ရယူလိုက်သည်။

ထိုအမျက်ပွိုင့်ကို မြင်သော် ဇူအန်ကြောင်သွားသည်။ ဘာဖြစ်နေတာပါလိမ့်။
တွေးနေရင်း လောင်မိုင်ကို သွားစစ်ကြည့်ရန် အကြံရလာသည်။ အဲ့အဖိုးကြီးက ဘာလိုချင်နေမှန်း ဘယ်တုန်းကမှ မသိပေ။ လတ်တလော ပိုကြီးလာသော အန္တရာယ်ကိုအာရုံခံမိ၍ အောက်ခြေအထိ သိအောင်အမြန်ဆုံး စုံစမ်းရမည်။

ဒါပေါ့ ထိပ်တိုက်တော့ ဘယ်သွားမလဲ။ အရင်ဆုံး ကင်းလှည့်ရပေမည်။
ထိုလူကြီး၏ ကျင့်ကြံမှုကို သတိထားသည့်အနေဖြင့် ကြေးမုံတံလျှပ်ကိုသုံးကာ အရင်ဆုံး အရှိန်အဝါ ဖုံးလိုက်သည်။
သူရောက်ချိန် အိမ်ဝန်းထဲတွင် နောက်တစ်ယောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ အဲ့တာက ဝေတန်ပင်။ ဇူအန် အံ့သြသွားပြီး ရှေ့ဆက်မတိုးတော့ချေ။ အရိပ်ထဲမှ ပုန်းကာ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။

လောင်မိုင်အိပ်ခန်းအတွင်းတွင် ဝေတန် ဆက်လက်စစ်မေးနေသည်။
"ရိုးရိုးသားသား ပြောရရင် ငါ့စိတ်ထဲ ထူးဆန်းနေတာ တစ်ခုတွေ့တယ်" နားမလည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
"ဘာလို့ မင်းရဲ့လျှို့ဝှက်ပညာတွေအားလုံးကို ဘာလို့ သွေးမတော်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ကို သင်ပေးရတာလဲ။ ဒါက မင်းပုံစံမဟုတ်ဘူး"

"အကြောင်းမရှိပါဘူး။ သူက လူကောင်းလေးပါ ငါလည်း စိတ်ပါတာနဲ့ သင်ပေးလိုက်မိတာ။  နှစ်တွေဒီလောက်ကြာလာတော့လည်း သတိလက်လွတ်ဖြစ်သွားတာပါ" ဇူအန်က သူ့အနာဂတ် ဝိညာဉ်လက်ခံသူဖြစ်ပြီး နောက်တစ်ချိန် ဝိညာဉ်ပူးမည်ကို လောင်မိုင်မပြောနိုင်ပေ။

"အော် အဲ့လိုလား" ဝေတန် ပြုံးလိုက်သည်။
"အဲ့တာကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် မင်းကိုရှာဖို့ ငါတို့အတော်လေး ခက်ခဲမှာ"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now