part 18

301 50 16
                                    

Zawgyi~

နှင်းမကျဘဲ​နေ​ရောင်​များဖြာကျ​နေချိန်​တွင်​ စတိုခန်းအတွင်း ​အ​အေးဓာတ်​​ဖျော့​တော့​တော့ရှိ​နေ​သေးသည်​။SeokJin ပန်းချီကားနှစ်​ချပ်​အားငူ​ငေါင်​စွာ​ငေးမိပြီး​နောက်​ သူ့ပခုံးထက်​တွင်​​မှေးအိပ်​​နေ​သော နှလုံးသားငယ်​အား နူးညံ့စွာ​​ထွေး​ပွေ့မိသည်​။

အနည်းငယ်​​ဖောင်း​နေ​သောပါး​လေးအ​ပေါ်တွင်​မှဲ့နက်​က​လေးများသည်​ ထင်းလျက်​ရှိ​နေသည်​။လက်​​​ဖျံရှိ သူ့ကိုရည်​ရွယ်​​သောတက်​တူးထံသို့အကြည်​​ရောက်​သွားမိ​တော့ SeokJin ပင့်​သက်​ရှိုက်​မိသွားသည်​။ညည်းသံများကြားရ​သော်​ ​နွေး​ထွေး​စေရန်​ရည်​ရွယ်​၍ ​ပိုမို​ထွေး​ပွေ့​ပေးမိသည်​။

မ​နေ့ညကချစ်​​သောသူဆွဲချွတ်​ထား​ခဲ့​သော ​ငွေ​မှင်​​ရောင်​ရတနာ​လေးသည်​ ပန်းချီကားချပ်​များ​အောက်​သို့​ရောက်​ရှိလို့​နေသည်​။SeokJin ​​ခြောက်​ခြားစိတ်​များတစ်​ဖန်​ဝင်​လာပြန်​သည်​။မ​နေ့ညကထိုအခိုက်​ကိုမြင်​မိချိန်​တွင်​ ထပ်​မံဆုံးရှုံးရ​တော့မည်​ဆိုသည့်​အသိ​တွေသာဝင်​လာခဲ့ရသည်​။

ချစ်​​သောသူအားနံရံတွင်​အသာမှီ​စေပြီး ပန်းချီကားချပ်​များအနီးသို့ချဉ်းကပ်​သွားမိသည်​။ပန်းချီကားချပ်​အတွင်းတွင်​ကြည်​နူးဖွယ်​ပုံရိပ်​များရှိလို့​နေသည်​။*ဟန်​နီ့ကိုချစ်​တယ်​*တဲ့..။SeokJin ချက်​ချင်းဆိုသလိုပင်​အကြည့်​လွှဲမိသွားပြီး လက်​စွပ်​အား​ကောက်​ယူသည်​။

ချစ်​​သောသူအားပြန်​လည်​​ထွေး​ပွေ့ပြီး​နောက်​ လက်​သူကြွယ်​သွယ်​သွယ်​က​လေးထက်​တွင်​လက်​စွပ်​​လေးအားပြန်​လည်​​နေရာယူ​စေသည်​။ထိုနည်းတူ သူ့လက်​သူကြွယ်​ထက်​တွင်​လည်း ​ငွေ​ရောင်​လက်​​နေ​လေသည်​။

တက်​တူး​လေးအားတဖန်​ကြည့်​မိပြန်​သည်​။လုံခြုံသလိုခံစားလိုက်​ရပြီး နှလုံးသားထဲတွင်​​နွေး​ထွေးသွားသည်​။

မင်းကို..​ကျေးဇူးတင်​လိုက်​တာ အချစ်​ရယ်​..။

#

ရေချိုးခန်းကြမ်းပြင်​အ​ပေါ်တွင်​​ရေ​နွေး​နွေးများစီးကျ​နေလျက်​ရှိသည်​။ရင်​ဘက်​အနည်းငယ်​ဟိုက်​​သော အကျီ င်္အားဝတ်​ဆင်​ထား၍ ရင်​ညွှန့်​ရိုးအ​ပေါ်ရှိ အညို​ရောင်​အမှတ်​အသားအား SeokJin အသာအယာထိ​တွေ့သည်​။နှုတ်​ခမ်းဖူးဖူးတို့သည်​ အနည်းငယ်​ပြုံး​ယောင်​သမ်း​သွားကြသည်​။

When the rain drop in this autumn { NamJin } Completed !!! Where stories live. Discover now