ဇူအန် လုံးဝ ကြောင်သွားသည်။
“အဲ့ဒါကို ပိုကောင်းတဲ့နည်းနဲ့ပြောလို့မရဘူးလား။ ငါတို့တွေ မေတ္တာရှိနေကြတာ ရှင်းနေတာပဲ”

“မေတ္တာဟုတ်လား” ကျန်းတန် လှောင်ရယ်လိုက်သည်။ “အဲ့ဒါကို ရှင်တစ်ကယ်ပဲ ယုံကြည်လို့လား”

ဇူအန်က သူမ၏ လက်ကို ဆုပ်ကိုင်ထားကာ မျက်လုံးတည့််တည့်ကြည့်လိုက်သည်။ “ဟုတ်တယ်”

ကျန်းတန်၏ မျက်နှာနီရဲသွားသည်။ “ဒီလူကိုကြည့်ပါဦး။ အမြဲကျွန်မကို ဖြားယောင်းဖို့ပဲ ကြိုးစားနေတယ်”

ဇူအန် သက်ပြင်းချလိုက်သည်။ “ငါက မင်းတို့ကျန်းကလန်နဲ့ ရန်သူတွေဖြစ်မလာချင်ပါဘူး။ စိတ်မပူပါနဲ့။ ကျန်းကလန်ရဲ့ အကျိုးအမြတ်တွေကို ထိခိုက်စေမယ့်အရာ ဘာမှ မလုပ်ပါဘူး”

“ဟွန်း။ ချူကလန်ကို ကူညီလိုက်တာက ကျန်းကလန်ကို ထိခိုက်အောင်လုပ်တာနဲ့ အတူတူပဲ” ကျန်းတန် အလွန်စိတ်မပျော်ဖြစ်နေသည်။ သို့သော်လည်း သူမ ပြောလိုက်သည်။ “အဲ့ဒီဆားခွင့်ပြုမိန့်တွေ ဘယ်မှာရှိနေလဲဆိုတာကို ကျွန်မလည်းမသိဘူး။ အဲ့ဒီဆားခွင့်ပြုမိန့်တွေကို ကြိုတင်ပေးထားဖို့အထိ ချန်ရွှမ်းက မတုံးအဘူး။ နောက်ပိုင်းတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရှင်သိပါတယ်။
ကျွန်မ သံသယရှိတာကတော့ အဲ့ဒီဆားခွင့်ပြုမိန့်တွေ က အမည်းရောင်လေ ဓားပြအဖွဲ့ လက်ထဲမှာ ရှိမယ်ထင်တယ်”

ဇူအန် စဉ်းစားလိုက်သည်။ အင်မော်တယ် ဗိမ္မာန်ထဲတွင် ချန်ရွှမ်း နဲ့ အတူရှိနေသူများကို တွေးမိလိုက်သည်။
“သူတို့အကြောင်း ဘာသိထားလဲ” ဇူအန် မေးလိုက်သည်။ ကျန်းတန် မှာ တစ်ချိန်က ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ခဲ့သည်။ ဝေလဂိုဏ်းမှာ ဖျက်ဆီးခံလိုက်ပြီဖြစ်သော်လည်း သူမ၏ ကိုယ်ပိုင်သတင်းပေးများကို ဆက်လက်ထိန်းသိမ်းထားမည်မှာ သေချာသည်။

“ဘာမှမရှိဘူး” ကျန်းတန် အေးစက်စွာ ရယ်လိုက်သည်။ “ဘာလဲ။ ရှင့်ရဲ့ ငွေစ ငါးသောင်းကို ဘာမှမဟုတ်ဘဲ ဖြုန်းလိုက်ရပြီလို့ ခံစားနေရတာလား”

“မဟုတ်ပါဘူး” ဇူအန်က သူမကို သူ၏ရင်ခွင်ထဲ သွင်းလိုက်သည်။ “အဲ့ဒါကို မင်းကို ဒီအတိုင်းပေးလိုက်ရင်တောင် နှမြောတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ အဲ့ဒီ ဆားခွင့်ပြုမိန့်တွေက အမည်းရောင်လေဓားပြအဖွဲ့ နဲ့ရှိနေတယ်ဆိုတာကို သိရပြီလေ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Donde viven las historias. Descúbrelo ahora