“ဒါက ရှင့်ရဲ့ အကူအညီကို ပေးတဲ့ပုံစံလား” ချင်ဝမ်ယွီ အေးစက်စွာပြောလိုက်သည်။

လီကျင်း ချန် ၏အပြုံး ပျောက်ကွယ်သွားသည်။ “အကယ်၍ အစ်မတော်က ကျုပ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရင် အစ်မတော်လိုချင်တဲ့ဆန္ဒကိုလည်း သေချာပေါက် ဖြည့်ဆည်းပေးမှာပေါ့”

“အရှက်ကင်းမဲ့တယ်” ချင်ဝမ်ယွီ အလွန်ဒေါသထွက်သွားသဖြင့် သူမ၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ သူမ လေးစားခဲ့ရသော ဤလူမှာ အလွန် စိတ်ထားသေးသိမ်၍ အလွန် ရွံစရာကောင်းသူ ဖြစ်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမ လီကျင်းချန်ကို ပါးရိုက်လိုက်သည်။
ထိုအရှက်မရှိသူ အတွက် အသက်တစ်ချက်ရှုချိန်ပင် အချိန်မဖြုန်းချင်တော့ပေ။ ဒေါသဖြင့် ဒုန်းစိုင်းထွက်သွားတော့သည်။

လီကျင်းချန် က သူ၏ ပါးကို ပွတ်သက်လိုက်ပြီးနောက် သူ၏ လက်ချောင်းများကို နှာခေါင်းသို့ ပို့လိုက်သည်။ “အနံ့အရမ်းကောင်းတာပဲ...”

အနောက်ခန်းထဲမှ အကြံပေး တစ်ယောက် ထွက်လာသည်။ “ဆရာ ချူကလန်က မှူးမတ်ရာထူးကလန်တစ်ခု ဖြစ်နေတုန်းပဲ။ ချူသခင်မကို အပြစ်လုပ်လိုက်တာ အကြံကောင်းတစ်ခုမဟုတ်ဘူးနော်” စိုးရိမ်သံအနည်းငယ်ရောကာ ပြောလိုက်သည်။

လီကျင်းချန် က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ “ဘာကို မှူးမတ်ကလန်လဲ။ သူတို့တွေက အတိတ်က အမွေအနှစ်တစ်ခု ဖြစ်ပြီးနေပြီ။ လွတ်တော် က ချူကလန်ကို ရှင်းဖို့ သတ်မှတ်ထားပြီးပြီ။ ပြီးတော့ အုပ်ချုပ်ရေးမှူး ဆန်း ကိုယ်တိုင် ပါဝင်ပတ်သက်နေတာပဲ။ ချူကလန် ဘာလုပ်နိုင်မှာမလို့လဲ”

အကြံပေး က အနည်းငယ် တွန့်ဆုတ်လိုက်သည်။ “ဒါပေမယ့် အကယ်၍ သူတို့တွေ တကယ်ပဲ စီမံနိုင်ခဲ့ရင်...” ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

“ အကယ်၍ ဆိုတာတွေ ဘယ်လောက်ရှိနိုင်မှာမလို့လဲ” လီကျင်းချန်လက်ရမ်းလိုက်သည်။ “ငါက အရူးနှာဗူးတစ်ယောက်လို့ တကယ်ပဲ မင်းထင်နေတာလား။ ဒီလိုသာမလုပ်ရင် ချင်ဝမ်ယွီကို ဘယ်လို ငြင်းလို့ရမှာလဲ။ အခု ဒီအခွင့်အရေးကို သုံးပြီးတော့ ချူကလန်နဲ့ အဆက်အသွယ်ဖြတ်ရမယ်။ ပြီးတော့ ငါတို့တွေက ချူကလန်နဲ့ မဟာမိတ်မဟုတ်တော့ဘူးဆိုတာကို လူတိုင်းသိအောင် ကြေညာရမယ်။ သူတို့ရဲ့ ကပ်ဘေးနဲ့အတူ ငါတို့ ပါမသွားစေဖို့ မိုးကောင်းကင်က တားမြစ်ပေးလိုက်တာပဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now