ခန္ဓာကူးပြောင်းချင်း 2

6.3K 534 79
                                    

Unicode

တိမ်တွေအုံ့စိုင်းနေကာအိကျနေသည်မှာ ကောင်းကင်ကြီးပါပြိုကြတော့မည့်အလား...သစ်ပင်ပန်းမန်တို့နှင့်အတူ နူးညံလှပသောနတ်သူငယ်လေးတွေသာနေထိုင်သည့် တိုင်းပြည်ငယ်သည်ယခုများတော့ အသက်မဲ့နေသည့်အလောင်းတစ်ချို့ရယ်...ကျိုးပဲ့ပျက်စီးနေသည့်အရာများနှင့်သာစုတ်ပြတ်နေရှာသည်။

အဖမ်းခံထားရသည့် နတ်သူငယ်တစ်ချို့မှာတော့ကြောက်လန့်ကာ ငိုယိုနေကြသူများရှိသလို မိဘများဆုံးသွား၍သတ်သေသွားကြသူများပါရှိကြသည်။စိတ်ထားနူးညံလွန်းသည့်သူတို့အဖို့တော့ဒီစစ်ပွဲကြီးကိုမုန်းသလို ဒီလိုတိုက်ခိုက်မူတွေကိုလည်းခံနိုင်ရည်မရှိပေ။

"သုံ့ပန်းတွေထဲကတစ်ချို့ကို ဘုရင့်ကိုယ်လုပ်တော်တင်မြှောက်မယ်! တစ်ချို့ကတော့နန်းတော်မှာအလုပ်လုပ်ရမယ်!"

နန်းတွင်းအ၀တ်စားတစ်ချို့၀တ်ဆင်ထားသည့် လူတစ်ယောက်၏ စကားအဆုံး နတ်သူငယ်တစ်ချို့ကို လှောင်အိမ်ထဲအတင်းထည့်ကာ မိစ္ဆာသားရဲတို့၏တိုင်းပြည်ဆိုသည့်နေရာကြီးသို့ အတင်းအကျပ်ခေါ်ဆောင်ခံရတော့သည်။မလိုက်ချင်သူ၊ဆန့်ကျင်သူများအား ရိုက်နှက်ကြသည်။ညှာတာမူမရှိလိုက်လေခြင်း။

ဘယ်သူ့ကိုမှရန်ပြုခြင်းမရှိပဲငြိမ်းချမ်းစွာနေလာသည့် တိုင်းပြည်ငယ်သည် ယခုတော့ ရက်စက်ကြမ်းကြုတ်မူများသာရှိသည့်ထိုတိုင်းပြည်ကြီးထံခစားရတော့မည်။ဘာအပြစ်မှမပြုမိပါပဲ အကြမ်းစီးသိမ်းပိုက်ခံခဲ့ရသည်။ဆွေးနွေးမူတစ်စက်မရှိငဲ့ညှာချင်းလည်းမရှိ။။

အကြောင်းပြချက်မရှိသူတို့တိုင်းပြည်အားအပိုင်သိမ်းခဲ့သည့် မိစ္ဆာသားရဲတွေအား လီဟွာမုန်းပါသည်။

ဖမ်းဆီးခံထားရသည်လှည်းလေးထဲတွင်ကျဉ်းကျပ်စွာထိုင်နေရသည့်ကြားမှ လက်ထဲကအဖြူရောင် အကောင်လေးအား လီဟွာ တင်းကျပ်စွာပွေ့ပိုက်ထားမိသည့်။

ကြောင်ပေါက်သာသာအရွယ်ထို အကောင်ပေါက်လေးမှာတော့ အမှန်စင်စစ်ကျားပေါက်ကလေးပင်ဖြစ်သည်။ဒဏ်ရာရထားသည့် ထိုကျားပေါက်လေးဟာလီဟွာလက်ထဲငြိမ်သက်စွာပင်အိပ်ပျော်လို့နေသည်။

The heart of the dragon king (Complete)Where stories live. Discover now