"ဟုတ် ရပါတယ်ဒေါ်လေး ကျွန်တော် ချန်ကောနဲ့ သွားလဲလိုက်ပါမယ် ဒီနေ့က အားလပ်ရက်ဆိုတော့ ဒါပေမယ့် ချန်ကောက ဂျူတီရှိတယ်နဲ့ တူတယ် ဖုန်းဆက်ပြီး ချန်ကော ရှိလောက်မယ့်အချိန်ကျမှ သွားလဲလိုက်မယ်လေ''
"အေးပါ အ့ဆို ဒေါ်လေး ပြန်တော့မယ်နော် ဟင်းဘူးတွေကို ရေခဲသေတ္တာထဲ ထည့်ပေးပြီးပြီ စာရွက်တွေနဲ့ ဟင်းဘူးတွေကို ကပ်ပေးထားတယ် သေချာကြည့်ပြီးမှ စားနော် ကုန်သွားလည်း ပြော နောက်လမှ မဟုတ်ဘူး သားစားချင်ရင် ဖုန်းဆက်လိုက် ဒေါ်လေး လာပို့ပေးမယ်နော်''
"ဟုတ် ဒေါ်လေး''
At xz's side,
ဒီနေ့ဟာ ရှောင်ကျန့်ဘဝမှာ အရမ်းကို ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့နေ့ဖြစ်တယ်
ဘဝမှာ အချစ်ရဆုံးသော မား ရှောင်ကျန့်ကို အပြီးအပိုင် နှုတ်ဆက်သွားတဲ့နေ့
ဒီနှစ်မှာလည်း အရင်နှစ်တွေလိုပဲ ဆေးရုံမှာ ခွင့်ယူပြီး
မားဆီကိုပဲ လာခဲ့လိုက်တော့တယ်
မားရဲ့ အုတ်ဂူရှေ့ကို ရောက်တဲ့အခါ မားရဲ့ အုတ်ဂူဖြူလေးပေါ်မှာ မားကြိုက်တဲ့ လီလီပန်းတွေက ဘယ်သူလာထားသွားမှန်းမသိဘဲ ရှိနေတယ်
ဘေးဘီကို ကြည့်လိုက်တော့ မားရဲ့အုတ်ဂူဘေးက အမျိုးသမီးအုတ်ဂူတစ်ခုအပေါ်မှာလည်း လီလီပန်းတွေအများကြီး ရှိနေတာကို တွေ့လိုက်ရတယ်
"ကျွန်တော့် မားက စိတ်ထားကောင်းလို့ထင်တယ် မားကြိုက်တဲ့ ပန်းတွေကိုတောင် လာထားပေးတဲ့သူရှိတယ် ကျွန်တော်တောင် ပန်းမဝယ်ခဲ့ရဘူး မားကြိုက်တဲ့ ဖက်ထုပ်ဆိုင်ကလေ ဝက်သားဖက်ထုပ် ဝယ်ခဲ့တယ် သိလား မား ခုချိန်ထိ ကျွန်တော် ဖြေသိမ့်လို့မရနိုင်ဘူး မား ကို ခုထိ တမ်းတနေမိတုန်းပဲ ဘာလို့များ လောကကြီးထဲက စောစောစီးစီး ထွက်ခွာသွားတာလဲ ဘာလို့လဲ...😭 ကျွန်တော့်ကို တစ်ယောက်ထဲ ဘာလို့ စိတ်ချလက်ချ ထားရစ်နိုင်ခဲ့တာလဲ...😭 မား သိလား မားသိပ်ချစ်တဲ့ သိပ်ဂုဏ်ယူရတဲ့ မားယောကျာ်း ကျွန်တော့်အဖေက မားကို တောင် မကာကွယ်နိုင်ခဲ့တာ အဟက် မားကသာ သူ့ကို အရမ်းချစ်ခဲ့တာ သူက သူ့ကို အရမ်းချစ်ပြီး သူ့အတွက် အသက်တောင်ပေးသွားခဲ့ရတဲ့သူကိုတောင် မကာကွယ်နိုင်ခဲ့ဘူး မား ခု သူနဲ့တွေ့နေပြီလား သူက ပြောမှာပေါ့ ကျွန်တော်က သူ့ကို မားဆုံးကတည်းက စကားမပြောဖြစ်တော့ဘူး သူ့ကိုလည်း အရေးမစိုက်ဘူးလို့လေ မားကတော့ ကျွန်တော့်ကို အဖေကို မလေးမစားလုပ်တဲ့သူလို့များ အပြစ်မြင်နေမလားဟင်''
YOU ARE READING
You💕💕💕(unicode +zawgyi )
Fanfictionငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ You💕💕💕
Ep 04 unicode
Start from the beginning
