" အ့လိုတော့မဟုတ်ဘူးလေ သားဝမ်ရယ် သားအခန်းကို သားမရှိဘဲ မဝင်ချင်ပါဘူး ပြီးတော့ pw ရိုက်ထည့်ဖို့ ဒေါ်လေးလက်ကလည်း မအားလို့လေ''
"ဟုတ်ပါပြီ ကျွန်တော် ရိုက်ပေးမယ်နော်.... ''
"တီ''(တံခါးဖွင့်သံ)
"အမလေး ပူလိုက်တာ beijing က အတော်ပူတာပဲနော်''
" အ့ကြောင့်မလို့ ဒေါ်လေးကို ခဏခဏမလာဖို့ပြောတာပေါ့ ပင်ပန်းအောင်လို့ ဒေါ်လေးရယ်''
" အော် ကိုယ့်တူလေးနဲ့သားလေးအတွက်ပဲဟာ မပင်ပန်းပါဘူး''
" ဒါနဲ့ ကောဆီကိုကော ရောက်ပြီးပြီလား ဒေါ်လေး ကျွန်တော် လိုက်ပို့ပေးရမလား''
"ဝင်ပြီးပါပြီ သားဝမ်ရယ် သားဝမ်ကမှ သိတတ်သေးတယ် အိမ်ကကောင်ကတော့ မွေးရကျိုးကို မနပ်တာ
သားဝမ်လိုကို အလိုက်မသိဘူး ကိုယ့်အမေက စေတနာနဲ့ အပင်ပန်းခံပြီး ယူလာပေးတာကို ဒင်းက အော်ချင်နေသေးတာ ထားပါ သူ့အကြောင်းပြောရရင်
အသက်တိုလိမ့်မယ် ဒီတစ်ခါ ဒေါ်လေး သားကြိုက်တဲ့ဟင်းတွေ အများကြီး ထပ်လုပ်လာပေးတယ်နော် နောက်လအတွက်ကော ဘာတွေထပ်လုပ်ပေးရဦးမလဲ''
" ရပါတယ် ဒေါ်လေးရယ် ဒေါ်လေး ပင်ပန်းမှာပေါ့ ကျွန်တော်က ဒီအတိုင်းဆိုင်က ဝယ်စားလည်း ရပါတယ်''
"ဘယ်ဟုတ်ပါ့မလဲ သားရယ် အိမ်ကချက်တာက ဆိုင်ထက် ပိုသာပါတယ် ကျန်းမာရေးနဲ့လည်း ညီညွတ်တာပေါ့ ပြီးတော့ ပိုက်ဆံကုန်ပါတယ် အပြင်မှာဝယ်စားတော့''
"ဟုတ်ပါပြီဗျာ ဒေါ်လေးသဘောအတိုင်းပါပဲ ကျွန်တော်က ဒေါ်လေး ပင်ပန်းမှာစိုးလို့ပြောတာပါ''
" ရပါတယ် သားရယ်''
"😊''
" အယ်.... ဒေါ်လေးတော့ တော်တော် အသက်ကြီးပြီထင်တယ် သားဝမ်ကိုပေးရမဲ့ဟင်းဘူးနဲ့ အိမ်ကကောင်ရဲ့ဟာနဲ့ လွဲသွားတယ်''
" ရပါတယ် ဒေါ်လေးရဲ့ တခါတလေပဲဟာကို''
" သားက ရပေမယ့် အိမ်ကကောင်က မရလောက်ဘူး
ပြီးတော့ သားက အစပ်စားနိုင်ဘူးမလား သူက အစပ်ပါမှ ရတာ ဒီလိုလုပ်ပါလား သားပဲ ဟင်းဘူးချင်း သွားလဲလိုက်ပါလား သားအစ်ကိုနဲ့ ဒေါ်လေးက အိမ်နီးနားချင်းနဲ့ လမ်းကြုံလိုက်လာတာဆိုတော့ သူက ခဏနေရင်ပြန်မှာ ဒေါ်လေးလည်း ပြန်ရမှာမလို့''
YOU ARE READING
You💕💕💕(unicode +zawgyi )
Fanfictionငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ You💕💕💕
Ep 04 unicode
Start from the beginning
