ကပွဲမှာ သူမတို့ စကားများခြင်း ( ၁ )

Start from the beginning
                                    

Rachel က မေးစေ့ကို အနည်းငယ်မော့ပြီး “Tsk၊ ဘယ်လိုကြီးလဲ။  အမျိုးသားတွေမှာက အမြဲရွေးချယ်ပိုင်ခွင့်ရှိတယ် မဟုတ်လား။  ရှင် ကျွန်မနဲ့ သူနဲ့ ကြားကို ရွေးချယ်လို့ရပါတယ် ဟုတ်တယ် မလား။”

ထို့နောက် သူမက ရုတ်တရက် ပြုံးကာပြောလိုက်တယ်  "Sherilနဲ့ ကျွန်မက ဝမ်းကွဲတွေမို့လို့ ငါတို့က တကယ့်ကိုပဲ ရင်းနှီးကြပါတယ်။ ရှင်  ဘယ်သူကိုပဲ ရွေးရွေး ကျန်ခဲ့တဲ့သူကတော့ စိတ်ဆိုးမှာ မဟုတ်ပါဘူး ဟုတ်တယ်မလား Sheril?"

Caden သည် Sheril ကို သတိထားပြီး ကြည့်လိုက်သည်။

သူမကို အရင်က ဒီလိုအကြည့်မျိုးနဲ့ ကြည့်ရင်  Sherilရဲ့ နှလုံးသားလေး နာကျင်သွားရသည်။  သူသည် ထက်ထက်မြတ်မြတ်ရှိပေမဲ့ သူ့ရဲ့ နိမ့်ကျတဲ့ နောက်ခံကြောင့် အမြဲတမ်း နှိမ့်ချခံရသည်။

သူမကို စိတ်ဆိုးအောင် အမြဲလုပ်လိုက်တိုင်း သူက သူမကို အဲ့ဒီလို ကြည့်တိုင်း သူမ သနားသွားတတ်တယ်။

သို့သော် ယခုအချိန်တွင် သူမခံစားခဲ့ရသမျှသည် ရွံရှာစရာဖြစ်သည်။

သူမက အဝေးကို လှမ်းကြည့်ကာ “ငါ…”

သူမ စကားပြောလို့မပြီးခင် Nora က အေးစက်စွာ ဟန့်တားလိုက်ပြီး "မဟုတ်ပါဘူး၊ အဆင်ပြေပါတယ်။  သူ့မှာ အကအဖော်ရှိတယ်။”

"သူမက?"  Rachelက ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး“ဘယ်သူလဲ။  နင်သူ့ကို ဘာလို့ခေါ်လာပြီး ငါတို့ကို မပြတာလဲ"

Noraက မသိမသာပြုံးကာ  ဒီတိုင်း ပေါ့ပေါ့ပဲ ပြောလိုက်တယ်။

“ပါတီစတဲ့ အချိန်ကျရင် တွေ့ရမှာ မဟုတ်ဘူးလား။ နင်ဘာအတွက် အရမ်းစိတ်ရှုပ်နေရတာလဲ။  သြော် ငါနားလည်ပါတယ်။  စိတ်မပူပါနဲ့ Sheril က သူစွန့်ပစ်ပြီးသားလူကို ပြန်ယူမှာ မဟုတ်ဘူး။”

Rachel "!!"

သူမသည် မူလက Sheril ကို အရှက်တကွဲဖြစ်စေရန် ရည်ရွယ်ခဲ့သော်လည်း ဒီအချိန်ခဏပိုင်းတွင် Noraရဲ့ စကားများက သူမကို ဒေါသထွက်စေခဲ့သည်။

Nora ပြောပြီးနောက် သူမသည် Sheril ကို ဆန့်ကျင်ဘက်သို့ ချက်ချင်း ဆွဲခေါ်သွားတော့သည်။ Rachel ဒေါသထွက်နေပေမဲ့ သူမကို ပြန်ပြောဖို့ အခွင့်အရေးကို မရလိုက်ဘဲ ဆုံးရှုံးသွားရသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now