သူလည်း သည်လိုပင် လက်ခံခဲ့ကာ သည်လိုပင်ရွေးချယ်ခဲ့တာကြောင့် နှစ်အတန်ကြာပင် ခရီးပေါက်လို့ ဘွဲ့ရကာပင်နီးနေပြီ ဖြစ်သော်ငြား သီခမှာ ကြာ‌လာလေလေ တစ်ခုခုက လွဲမှားနေသလို ခံစားလာ‌နေရသည်။

ကျောင်းပြီးရင် ဘာဆက်လုပ်ရမှာလဲ?
အလုပ်ရှာရမှာလား? အလုပ်က ရရောရပါ့မလား?
ကျွမ်းကျင်တာရော ရှိလို့လား? ဘယ်အလုပ်ကို လျှောက်ရမှာလဲ?
ကျောင်းပဲဆက်တက်ရမလား?

ဒါ ဤလပိုင်းများတွင် သူ့ကိုယ်သူ တောက်လျှောက်မေးနေခဲ့မိသော မေးခွန်းများဖြစ်၏။

ငါလုပ်ချင်တာ ဒါရောဟုတ်လို့လား?
ငါ တကယ်လုပ်ချင်တာက ဘာလဲ?

ဤမေးခွန်းအတွက်ကတော့ သူ့တွင် အဖြေရှိပြီးသား ထင်ပါ၏။ ကနဦးအစကတည်းက သူကိုယ်တိုင်သိပြီးသော်ငြား မဖြစ်သင့်ဟုတွေးကာ သူကိုယ်တိုင် လျစ်လျူရှုထားခဲ့ဖြစ်သော အရာတစ်ခု။

သူစိတ်ဝင်စားသည်က ဂီတတစ်ခုသာဖြစ်၏။

သီခမှာ ငယ်စဉ်ကတည်းက စောင်းပညာရှင် အဘွားနှင့် လက်ပွန်းတတီးရှိခဲ့သူမို့ သိတတ်စအရွယ်ထဲကပင် ဂီတကိုချစ်တတ်ခဲ့၏။ ‌မူလတန်းအရွယ်လောက်ကတည်းက စောင်းသံကို နားရည်ဝခဲ့ကာ ဆိုကရေးတီးပြိုင်ပွဲအချို့တွင် ဝင်တီးနိုင်သည်အထိ အထိုက်အလျောက် ပေါက်မြောက်ခဲ့သော်ငြား ဇောက်ချတော့ မလုပ်ဖြစ်ခဲ့။

ဂီတ၊အနုပညာဖက်တွက် ပံ့ပိုးမှုအားနည်းလှသော လူ့အသိုင်းအဝိုင်းပေမို့၊ "အနာဂတ်မရှိ" ဟု ကင်ပွန်းတပ်ခံရသော အလုပ်အကိုင်ဖြစ်သည်မို့ပင် ဖြစ်မည်ထင်ပါ၏။ သို့နှင့်ပင် သာမန်ဟုထင်ရသော အလုပ်တစ်ခုကိုလုပ်ကာ ဘဝကို သူလိုငါလို သာမန်ပင် ဖြတ်သန်းမည်ဟု တွေးခဲ့သော်ငြား အချိန်ကြာလာလေလေ တစ်ခုခုက မလုံလောက်သည်နေသည်ကို ခံစားလာရလေလေဖြစ်သည်။

ရင်ထဲက လစ်ဟာနေသော ဤကွက်လပ်ကို ကုစားပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့အတွက်တော့ ဂီတတစ်ခုသာရှိ၏။ အားလပ်ချိန်ဆိုလျင် သီချင်းလေးနားထောင်လိုက်၊ စောင်းက‌လေးတီးကာနေလိုက်လျင်တော့ တစ်ခဏမျှ စိတ်အေးချမ်းရသော်ငြား မအားမလပ်နိုင်သော ကျောင်းစာများနှင့်မို့ ကြာကြာမအေးချမ်းနိုင်ခဲ့။

VNITY : The First StepWhere stories live. Discover now