သင်သည် ကျီတန်ထု ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိလိုက်သည်။

ဇူအန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ “ ဘာ...ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့ အဓိက ဇာတ်လိုက်နဲ့ နီးစပ်တဲ့ မိန်းကလေးတွေအားလုံးက...” ကျီတန်ထု၏ ဒေါသ အစပြန်ပျိုးလာသည်။ သို့သော်လည်း အတွေးတစ်ခုက သူ့ကို ငြှိမ်းစေလိုက်သည်။ သူ၏ အနောက်သို့ ခိုးကြောင်ခိုးဝှက် လှည့်ကြည့်လိုက်သည်။ ကံကောင်းစွာပင် သူ၏ သမီးဖြစ်သူ ရှိမနေတော့ပေ။ သို့သော်လည်း သူ၏ အသံကို နှိမ့်ကာ ပြောလိုက်သည်။ “ဘာဖြစ်လို့ သူတို့အားလုံး အရှက်ခွဲခံရတာလဲ”
ထိုအကြောင်းကို တွေးမိတိုင်း သူ ဒေါသထွက်ခဲ့ရသည်။ ထိုညက သူ၏ စိတ်ခံစားချက် ရောက်လာခဲ့သဖြင့် တံခါးများ၊ ပြတင်းပေါက်များ အားလုံးကို ပိတ်ကာ အိပ်ရာထဲသို့ ခုန်ဝင်ပြီး သူ၏ စာအုပ်ကို အပီအပြင် ဖတ်ခဲ့သည်။

အစပိုင်းတွင် အဆင်ချောနေခဲ့သော်လည်း ဆက်လက်ဖတ်ရှုသောအခါတွင် ကိစ္စများမှာ ထူးဆန်းသော အလှည့်အပြောင်းတစ်ခုဖြစ်သွားသည်။
မင်းသမီးမှာ လူဆိုး၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။
အရေးကြီးသောအချိန်တွင် မင်းသားက ရွပ်ရွံချွံချွံ ပေါ်ထွက်လာကာ သူမကို ကယ်တင်သွားမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း မင်းသမီးကို အကြိမ်များစွာ ညစ်ညမ်းစေပြီးတောင်မှ မပေါ်လာခဲ့ပေ။

သင်သည် ကျီတန်ထု ထံမှ အမျက်ပွိုင့် ၆၉၆ ရရှိလိုက်သည်။

သူကိုယ်တိုင် လိင်ပိုင်းဆိုင်ရာစော်ကားခံရသကဲ့သို့ ဖြစ်နေခဲ့ရသည်။ သူဇူအန်ကို ဒေါသတကြီး စိုက်ကြည့့်လိုက်သည်။

ဇူအန်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာရှိနေသည်။ ဒီလူက အဲ့ဒီအကြောင်းကို တွေးနေတုန်းပဲလား။
“ဒါဆိုလည်း ခင်ဗျား က ကိုယ့်ကိုယ်ကို မင်းသားလို့ စိတ်မကူးနဲ့ပေါ့” ဇူအန် အကြံပေးလိုက်သည်။

ကျီတန်ထု ကြောင်သွားသည်။ “ငါကိုယ်ငါ မင်းသား ဇာတ်ကောင်လို့ မတွေးရင် ဘယ်သူ့ကို တွေးရမှာလဲ”

“ကိုယ့်ကိုယ်ကို မုဒိန်းကောင်... အဟမ်း..ကျုပ်ပြောချင်တာက မင်းသမီးကို ညစ်ပတ်စေတဲ့ လူဆိုး နေရာမှာ စိတ်ကူးကြည့်ပေါ့။ ခင်ဗျားကိုယ်တိုင်တောင် မင်းသမီး ဇာတ်ကောင် နေရာ ကနေတောင် အမြင်ပြောင်းကြည့်လို့ရသေးတယ်” ဇူအန်က သူ၏ အရင်ကမ္ဘာ၏ အွန်လိုင်း ဖိုရမ်များ မှ ရရှိလာသော အတွေးအခေါ်များကို ကျီတန်ထု အား မျှဝေပေးလိုက်သည်။ ခေတ်အခေါ်အရတော့ ဇာတ်သွင်းသည်ဟုလည်း ခေါ်ကြသည်။ ဒါပေမဲ့ ဒါက အဓိပ္ပါယ်မရှိဘူးမလား။

ကီးဘုတ်အင်မော်တယ်-ဇူအန်حيث تعيش القصص. اكتشف الآن