ရှို့ဟုန်လေ ခေါင်းယမ်းလိုက်သည်။
"တောင်းပန်ပါတယ်။ ကျွန်မ အရင်းအမြစ်ကို ပြောလို့မရဘူး။ ကျွန်မတို့ရဲ့ သံယောဇဉ်ကြောင့်သာ ဒီကိုလာပြီး ရှင့်ကို သတိပေးတာ"

သူမတွင် ဆန်းကြယ်သောနောက်ခံရှိကြောင်း ဇူအန်သိပြီးဖြစ်၍ ဖိအားမပေးချေ။
"ကျုပ်မှာ အားနည်းချက်တွေ ပြည့်နေပေမဲ့ တစ်ချက်ကတော့ မိတ်ဆွေကို ရောင်းမစားတာပဲ။ ချူအိမ်သာ တကယ်ဒုက္ခရောက်နေရင် ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ"

ရှို့ဟုန်လေ နားမလည်ပေ။
"ဒါပေမဲ့ ချူအိမ်က ရှင့်ကိုကောင်းကောင်း မဆက်ဆံဘူးလို့ ကျွန်မကြားတယ်"

ဇူအန် ပြုံးလိုက်ပြီး
"ဒီက တစ်ချို့လူတွေက မကောင်းပေမဲ့ တစ်ခြားကောင်းတဲ့သူတွေ ရှိတယ်။ သူတို့ကို စိတ်ပျက်အောင်လုပ်လို့ မဖြစ်ဘူး"
ချူဟွမ်ကျောက် နှင့် ချူချူယန် အကြောင်း တွေးမိသော် နွေးထွေးသောအပြုံးတစ်ခု ပေါ်လာရသည်။

အချိန်အတော်ကြာ ရှို့ဟုန်လေ တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးပြောလာသည်။
"ကောင်းပြီလေ ကျွန်မနားလည်ပြီ။ ကြည့်ရတာ ရှင့်စိတ်ကို ကျွန်မပြောင်းလို့မရမယ့်ပုံပဲ။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်"

ဇူအန် ပြုံးလိုက်ပြီး
"ကျုပ်ရဲ့ ကိုယ်လုပ်တော် လုပ်မယ့် မင်းကတိက အတည်ဖြစ်သေးလား"

ရှို့ဟုန်လေ ကြောင်သွားသည်။ ဒီလူ့အရေခွံက ထူလွန်းတယ်။
သို့သော် ရွံရှာမှုမရှိဘဲ မပီမသပြန်ဖြေလိုက်သည်။
"နောက်တစ်ကြိမ်တွေ့လို့ ရှင်အသက်ရှင်နေသေးရင်…ဒါပေါ့"

"ဒါဆို ငါတို့နောက်တစ်ကြိမ်တွေ့ရင် မိတ်ဆွေလား ရန်သူလား" ဇူအန် ဆက်မေးလိုက်သည်။

ရှို့ဟုန်လေ တစ်ချက် တွေဝေသွားပြီးမှ
"မိတ်ဆွေတွေပဲ ဖြစ်မှာပါ"

ဇူအန် သက်ပြင်းချလိုက်သည်။
"ဒါဆို ကောင်းတယ်။ သူတို့ပြောတဲ့စကား မင်းသိလား။ လူကောင်းတွေ အသေစောပြီး လူရမ်းကားတွေ အသက်ရှည်တယ်ဆိုတာလေ။ ငါလိုလူဆိုးမျိုးက မင်းကို မိန်းမတော်နိုင်တဲ့အချိန်အထိ အသက်ရှည်ဦးမှာ"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now