ဆေး ဟူသော စကားလုံးကို သူမ ကြားရသောအခါ ကျီရှောင်ချီ ၏ ချိုသာသော မျက်နှာလေးမှာ ရုတ်တရက် အနည်းငယ် လေးနက်သွားသည်။ "ရပါတယ်။ ကြည့်ပေးမယ်လေ"

ပုလင်းကို ဖွင့်ကာ အထဲကို ကြည့်လိုက်သည်။ နှာ၀သို့ကပ်ကာ တစ်ချက်နမ်းရှုံ့လိုက်သည်။ သူမ၏ လက်ဖြင့်တောင် လေယမ်းလိုက်သေးသည်။
"ဘာဖြစ်လို့ အဲ့ဒီအနံ့က ချိုသာနေရတာလဲ" ကျီရှောင်ချီ ဇဝေဇဝါဖြစ်နေသည်။ "ဒီဆေးက အဆိပ်ပုံစံမျိုးလို့လည်း မထင်ရဘူး။ ဒါပေမယ့် ကုသတဲ့ ဆေးလည်းမဟုတ်ပြန်ဘူး။ အစ်ကိုဇူ စိတ်မရှိရင် တစ်ချို့ကို ထုတ်ပြီး စစ်ဆေးကြည့်လို့ရမလား"

"ရတာပေါ့" ဇူအန် က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ဤအရာမှာ သူ့အဖို့ လုံးဝ အသုံးမဝင်ပေ။ မည်သည်အတွက် သုံးရသည်ကို မသိပေ။
ကျီရှောင်ချီ က ဆေးတစ်စက်ကို သူမ၏ လက်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် ၎င်းကို သူမ၏ လျှာဖြင့် ယက်လိုက်သည်။

ဇူအန် လန့်ဖြန့်ကာ ထခုန်မိသွားသည်။ "သတိထား။ အဆိပ်မိနေဦးမယ်"
သူမ စမ်းသပ်ခြင်းကို စိတ်ထဲမထားသော်လည်း အဘယ်ကြောင့် လျှာကို အသုံးပြုသနည်းကို စဉ်းစားမရပေ။
တစ်စုံတစ်ရာဖြစ်လာပါက မည်သို့လုပ်ကြမည်နည်း။

ကျီရှောင်ချီက ချိုသာစွာပြုံးလိုက်သည်။ "စိတ်မပူပါနဲ့ အစ်ကိုဇူ။ ညီမ ဘာလုပ်နေသလဲဆိုတာကို ညီမသိပါတယ်။ ညီမ ငယ်ငယ်ကတည်းက အဆိပ်မျိုးစုံကို ကိုင်တွယ်လာရတာ။ အဖေကလည်း ဆေးတွေအများကြီး စားခိုင်းခဲ့တယ်။ အဆိပ်တိုင်းအတွက် ခုခံမှု မရှိပေမယ့် အဆိပ်အများစုကတော့ ညီမအပေါ် သက်ရောက်မှုမရှိဘူး"

နောက်ဆုံးတွင် ဇူအန် ထိန်းထားသော လေကို လွှတ်ချနိုင်တော့သည်။ ကျီတန်ထု က အခြားအရာများတွင် အားကိုးမရသော်လာ သူ၏ သမီးဖြစ်သူကို အမှန်တကယ်ပင် ဂရုစိုက်ပြီး ငယ်စဉ်ကတည်းက သေချာပြုစုပျိုးထောင်ပေးခဲ့သည်။ ချန်ရွှမ်းလိုလူစားမျိုးထံမှ အဆိပ်က သူမကို လုပ်နိုင်သောအရာသိပ်မရှိပေ။

"ဒါဘယ်လိုအဆိပ်လဲဆိုတာကို မင်း ရှာတွေ့ပြီလား" ဇူအန် မေးလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now