ကျန်းတန်နောက်မှလိုက်လာသော ရာရှောင်းက စားပွဲကိုလက်ဖြင့်ရိုက်လိုက်ပြီး
"လျှို့အကြံပေး ခင်ဗျား ဒါဘာအဓိပ္ပာယ်လဲ။ ခေါင်းဆောင်ကို ဘယ်လိုလုပ် မရိုမသေဆက်ဆံရဲရတာလဲ"

"ရာရှောင်း စိတ်အေးအေးထားပါ။ မင်း ခေါင်ဆောင်ကို သဘောကျတာ လူတိုင်းသိပေမဲ့ မင်း သူ့တောက်တိုမယ်ရလုပ်လာတာ နှစ်ပေါင်းဒီလောက်ကြာပြီ။ သူ့ မျက်နှာကို မင်းမြင်ဖူးလို့လား" လျှို့ချွမ် အေးစက်စက် သရော်လိုက်သည်။

"ကျုပ်.." ရာရှောင်း အသံရှုသံကြပ်သွားသည်။ အမှန်ပဲ သူမမြင်ဖူးဘူး။ ရှင်းရှင်းပြောရရင် ဒါက သူ့ကို အတော်လေးဝမ်းနည်းစေတာ အမှန်ပင်။

"ကပ်ဖားတာက မင်းကို ဘယ်နေရာမှ မရောက်စေနိုင်ဘူး။ မင်းငါတို့လို ချိုးဖောက်လိုက်တာကမှ ကောင်းသေးတယ်။ ဒါပေါ့ မင်းငါတို့နဲ့ ပူးပေါင်းရင် မင်းကိုလည်း မျှဝေခွင့်ပေးမယ်" လျှို့ချွမ် ရယ်ကာ ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား" ရာရှောင်း တစ်ကိုယ်လုံး တုန်ရင်လာသည်။ သူ့နတ်သမီးအစော်ကားခံနေရသည်ကို မကြည့်ရက်ရုံပင်။

ကျန်းတန် ဒီအချိန်တွင် ထပြောသည်။
"လျှို့ချွမ် ငါမင်းတို့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံဖူးတယ်လို့ ငါမထင်ဘူး။ ဘာလို့ ငါ့ကို သစ္စာဖောက်ရတာလဲ"

"ဆိုးဆိုးဝါးဝါး ဟုတ်လား" လျှို့ချွမ် လှောင်လိုက်သည်။
"အချက်ကျကျ ပြောရရင်တော့ မင်းငါတို့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး။ ဒါပေမဲ့ မင်းက ဘာပြောပြော မိန်းမတစ်ယောက် လေ။ ကျွန်းပေါ်ကို တော်ရုံပေါ်မလာဘဲ လာရင်လည်း မျက်နှာအုပ်ထားတယ်။ မိန်းမတစ်ယောက်ကို ခေါင်းဆောင်တင်ထားရတာကိုက ထူးဆန်းနေတာကို မင်းက ပိုဆန်းကြယ်တဲ့ပုံစံ လုပ်နေသေးတယ်။ ငါတို့ ဘယ်လိုလုပ် သံသယမဝင်ဘဲနေမှာလဲ။ မသိလိုက်ဘဲနဲ့တောင် သစ္စာဖောက်တာ ခံရနိုင်သေးတယ်"

"အဲ့တာပဲလား" ကျန်းတန် မျက်မှောင်ကြုံ့လိုက်သည်။ အမှန်တော့ သူမကျွန်းမှာမရှိချိန် ရန်သူတစ်ယောက် ကျးကျော်လာလျှင် ပြဿနာကြီးနိုင်ကြောင်း ကျန်းတန် သိလေသည်။ သို့သော် သူမက ကျန်းအိမ်က သခင်မလေးဖြစ်၍ အချိန်တိုင်း ကျွန်းပေါ်တွင် မနေနိုင်ပေ။ ဒီအခြေအနေကို သူတတ်နိုင်တာ ဘာမှမရှိချေ။
သို့သော်လည်း ပူပန်မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့သည်။ လိုအပ်လျှင် တင့်တယ်မှုနှင့် အကြမ်းနည်းကို တစ်လှည့်စီသုံးနိုင်ပြီး အတော်လည်း ကောင်းကောင်းလုပ်နိုင်သည်ဟု ထင်လေသည်။ သို့သော် အဖြစ်မှန်က သူမကို ပါးရိုက်သွားလေပြီ။

ကီးဘုတ်အင်မော်တယ်-ဇူအန်حيث تعيش القصص. اكتشف الآن