"မပြောတတ်ဘူး ၊ ဒါပေမယ့် ငါအရမ်းပျင်းနေပြီး အပြင်ကိုမထွက်ချင်ဘူး။"

ကုကျိုစစ်သည် သူ့အဖိုးရဲ့ရောဂါကို တွေးမိတော့ ထန်းဇီယုလည်း သူ မသိတဲ့ နေရာတစ်ခုခုမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိနေမှာကို ကြောက်တဲ့အတွက် နောက်နေ့ ဆေးရုံကို ခေါ်သွားဖို့လုပ်တော့သည်။

"ကိုယ် ဆေးမစစ်မိတာတော်တော်ကြာပြီ။ ကိုယ်နဲ့လိုက်ခဲ့ပေးနော် ဟုတ်ပြီလား"

ထန်းဇီယု သိပ်မထွက်ချင်ပေမယ့် သူ့မှာလည်း ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုမလုပ်ရတာ ကြာပြီမို့ သူနဲ့အတူတူ လိုက်သွားလိုက်သည်။

ကုကျိုစစ် အစက သူ့ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ခေါ်လာတာဖြစ်သော်လည်း ခဏအကြာတွင် ထန်းဇီယုပြောတာကိုကြားလိုက်ရသည်။ "ကောင်းပြီ၊ ငါလည်း ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုလုပ်အုံးမယ်" ကုကျိုစစ် ခေါင်းညိတ် သဘောတူလိုက်ကာ

"အင်း၊ ကိုယ်တို့ နှစ်ယောက်လုံး စစ်ဆေးကြည့်ရအောင်"

နှစ်ယောက်သား အစောကြီးထပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ အကြာကြီးလုပ်ခဲ့ပြီးနောက် အိမ်ပြန်ခဲ့ကြသည်။

ကံကောင်းထောက်မစွာ၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းရဲ့ရလဒ်များကမဆိုးပေ။ ကုကျိုစစ်တစ်ယောက်  စိတ်သက်သာရာ ရသွားတော့သည်။

* * *

ထိုညတွင်၊ ကုကျိုစစ်သည် ထန်းဇီယုအိမ်ရှိ ဧည့်သည် အိပ်ခန်းမှ မာစတာအိပ်ခန်းသို့ ဘယ်အချိန် အဆင့်မြှင့်နိုင်ရမည်ကို တွေးရင်း တွေးရင်း အိပ်ပျော်သွားတော့သည်။

သူနဲ့ ထန်းဇီယု ပထမဆုံး စေ့စပ်သည့်အချိန်ကို ပြန်သွားသည့် အိပ်မက်တစ်ခုသူမက်ခဲ့သည်။

ကုကျိုစစ်ကတော့ ဒါက အဆင်ပြေတယ်လို့ ခံစားရလေသည်။ အခုတစ်ကြိမ်ကြရင်တော့ ထန်းဇီယု အတွက် အစကတည်းက ပြင်ဆင်ပြီး သူနဲ့ ကောင်းမွန်စွာ နေထိုင်ရမည်ဟုသူတွေးလိုက်မိသည်။

သို့သော်၊ အိပ်မက်ထဲတွင် သူ့အား အံ့အားသင့်စေသည့်အရာမှာ ထန်းဇီယုရဲ့ အတင်းအကြပ် စေ့စပ်မှုနှင့် ပတ်သက်၍ သူသည် ယခင်ကဲ့သို့ ပင်တူညီသောအမြင်ရှိနေဆဲပင်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်जहाँ कहानियाँ रहती हैं। अभी खोजें