ထန်းဇီယုသည် ကုကျိုစစ်ရဲ့အစီအစဉ်ကို အနှောင့်အယှက်ဖြစ်သွားစေတာ[Spring Festival]ကြောင့်ဖြစ်နိုင်တယ်လို့ သူထင်လိုက်သည်၊ အဲ့ဒါကြောင့် သူ့ရဲ့အရင် အချိန်တွေက နဂိုအတိုင်းမသွားဘဲ ပြောင်းသွားတာဖြစ်ပြီး အခုအခြေအနေသို့ရောက် လာတာဖြစ်နိုင်လေသည်။

"ဘာဖြစ်လို့လဲ?" ကုကျိုစစ်က သူ့ကိုမေးလိုက် သည်။ "The Opposite" ရဲ့ ဇာတ်ညွှန်းရတာ မင်းဘယ်လိုသိတာလဲ?"

"လျိုရှု ပြောတာကြားလိုက်တာ။"

ထန်းဇီယု ဆင်ခြေတစ်ခု စဉ်းစားလိုက်သည်။

ကုကျိုစစ် :  "ဒီဇာတ်ညွှန်းက တကယ်အဆင်ပြေပါတယ်၊ ဒါပေမယ့် ကိုယ့်မှာ အချိန်မရှိဘူး။ မဟုတ်ရင် ကိုယ်ယူလို့ရမှာ။"

ထန်းဇီယု ခေါင်းညိတ်လိုက်သည်။

ကုကျိုစစ် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။  "မင်း ဖျော်ဖြေပွဲကို သွားကြည့်ချင်လား? FK တီးဝိုင်းက ရက်ပိုင်းအတွင်း ဖျော်ဖြေပွဲအတွက် ဒီမြို့ကိုလာမှာတဲ့။ မင်းကြည့်ချင်လား?"

ထန်းဇီယုသည် သူရဲ့ အရင်ဘဝတွင် ဒီဖျော်ဖြေပွဲသို့သွားရာလမ်းမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့လေသည်- ......

ထန်းဇီယု အေးအေးစက်စက် ပြန်ပြောလိုက်သည်။

"မသွားချင်ဘူး။"

ကုကျိုစစ် အနည်းငယ် စိတ်ဓာတ်ကျသွားကာ- "ကိုယ်ဒီအဖွဲ့ကို တော်တော်ကြိုက်တာ။"

"ဒါဆို သွားပြီးကြည့်လိုက်လေ။ငါဒီရက်ပိုင်းအပြင်တကယ်မထွက်ချင်လို့။"

ကုကျိုစစ်သည် သူကဒီရက်ပိုင်း အလုပ်များစွာကို နောက်ဆုတ်ထားကြောင်းကိုတွေးမိသွားတော့ သူသိချင်သွားကာ မေးလိုက်သည်။ "မင်းမှာ ဒီရက်ပိုင်း လုပ်စရာတွေရှိလား? ဒါမှမဟုတ် မင်းနေမကောင်းလို့လား အဲ့ဒါဆိုရင်တော့ကိုယ်လည်း အပြင်မထွက်ချင်ဘူး"

"ငါနေလို့သိပ်မကောင်းဘူး။"

ထန်းဇီယု ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ကုကျိုစစ်က ချက်ချင်းပင် တုန်လှုပ်သွားကာ

"ဘယ်နားက အဆင်မပြေဖြစ်လို့လဲ?"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now