အခန်း (၁၀)

Start from the beginning
                                    

အက်ဒ် က အိမ်သာအခန်းထဲမှ ထွက်လာပြီး မှန်ရှေ့တွင် ဘီးဖြီးနေ၏။ ရှယ်လီက အိမ်အောက်ထပ် မီးဖိုဆောင်တွင် နေ့လည်စာအတွက် ပြင်ဆင်နေသည်။

ခရစ္စတင်းက အက်ဒ်ကို မေးသည်။

"ရှယ်လီကော...."

"ငါဘယ်သိမလဲကွ။ မင်းသိချင် လိုက်ရှာကြည့်ပေါ့။"

"ရှင်က အခန်းထဲမှာ ဘာလုပ်နေတာလဲ။"

"အိမ်သာတက်ပြီး ပြန်ထွက်လာတာပေါ့ဟ။ ကိုယ့်အခန်းထဲကိုယ် ဘာဝင်လုပ်တာပဲ မင့်ပြောရဦးမလား။"

"ရှင် အရင်ကလည်း ဒီလိုကိစ္စကြောင့် ဒီအိမ်ကို ပြောင်းလာရတာနော်။ ရှင်... သတိထား။"

"မင်းဘာတွေ ပြောနေတာလဲ။"

"ရှင့်အကြောင်း ရှင်သိမှာပေါ့။"

"ဘာလဲ။ မင်းဘာသာ ဘာဖြစ်လာမှန်း မသိဘဲ ငါ့လာ မမည်းစမ်းနဲ့ကွာ။"

"ရှင် ရှယ်လီနဲ့ ကင်းအောင်နေနော်။ မဟုတ်လို့ကတော့ ကျမ အကြောင်းသိမယ်။"

"မင်းဘာတွေ ပြောနေတာလဲ။ ဦးနှောက်ရော ကောင်းသေးရဲ့လား။ တော်တော်ဇယားနောက်တဲ့ မိန်းမကွာ။"

"အေး...ဇယားနောက်တယ် ပြောထား။ ကျမမျက်စိနဲ့ လက်ပူးလက်ကြပ် မိလို့က‌ေတာ့ ရှင်တို့နှစ်ယောက်လုံးကို အရှင်မထားဘူး။"

"တော်စမ်းကွာ။ နားညည်းတယ်။"

******

အက်ဒ်က ပြောပြောဆိုဆို အိမ်မှ ထွက်သွားတော့သည်။

ခရစ္စ အောက်ဆင်းလာတော့ လှေခါးထိပ်တွင် ရှယ်လီနှင့်တွေ့သည်။

"အကိုကြီး ဘယ်ထွက်သွားတာလဲ။ နေ့လည်စာ မစားတော့ဘူးလား မမလေး။"

ခရစ္စက ပြန်မဖြေ။ သူမက ရှယ်လီ့ကို အမူအရာ ထူးခြားနေမလား သတိထားပြီး ခေါင်းအစ ခြေအဆုံး ကြည့်သည်။

"ဘာဖြစ်လို့လဲဟင်....မမလေး။"

"ဘာမှ မဖြစ်ဘူး။ ငါ့ခေါင်းထဲ ညည်းစီစီ ဖြစ်နေလို့ သံပုရာရေ တခွက်လောက် သွားဖျော်ပေးစမ်းပါဟယ်။"

"ဟုတ်ကဲ့ မမလေး။"

လှည့်ထွက်သွားသော ရှယ်လီ့ နောက်ကျောဘက်ကို ကြည့်ရင်း စကပ်အောက်ခြေ တင်ပါးနေရာတွင် လက်ဝါးအရွယ် အကွက်တစ်ကွက် တွေ့လိုက်ရသည်။

"ဟဲ့ ရှယ်လီ။ လာစမ်း။"

"ဟုတ်ကဲ့။ မမလေး။"

"နင် ခုနက ဘာလုပ်နေလဲ။"

"အိမ်ပေါ်ထပ်ကို ရှင်းရင်း မမလေးတို့ အိပ်ခန်းထဲ ရှင်းပါတယ်။ အဝတ်ဟောင်းတွေ လျှော်ဖို့ ယူပါတယ်။ ပြီးတော့ ခု နေ့လည်စာ ပြင်ပါတယ်။ ဘာဖြစ်လို့လဲဟင်။"

"နင့်ဖင်က အကွက်က ဘာလဲ။ နင် အက်ဒ်နဲ့ ကင်းရဲ့လား။"

ရှယ်လီ့မျက်နှာ ရဲကနဲ ဖြစ်သွားသည်။

ကောင်မ.... ခိုးစားတာ ငါမိပြီ။ သေပေတော့။ ခရစ္စ စိတ်ထဲမှ ကျိန်းဝါးနေမိသည်။

"ဟုတ်...မမလေး ဘာတွေ ပြောနေတာလဲ ရှယ်လီ နားမလည်ပါဘူး။ ခုက ရှယ်လီ ပိရိရဒ် လာနေလို့ပါ။ မနက်က မလာသေးဘူး ထင်လို့ ဘာမှ မလုပ်ထားမိတာ။ ခုတော့...."

"ဪ..."

အ‌ဲ့ဒါကြောင့် စားနေကျ ကြောင်ဖားက ညည်းကို အလွတ်ပေးလိုက်တာကိုး။

ခရစ္စ စိတ်ထဲမှ တွေးနေမိခြင်း။

Baby BluesWhere stories live. Discover now