" မင်းလုပ်ပေးလည်း ရတာပဲ ငါလဲ အားမအား မသေချာသေးဘူး''
( ရှောင်ကျန့် ရဲတွေနဲ့မပတ်သက်ချင်တာကြောင့် သူငယ်ချင်းအား တီးတိုးပြောလိုက်ခြင်းပင်)
" ငါက နောက်လူနာ သွားကြည့်ရမှာမလို့ပါကွာ အမယန်လီကပြောပြီးသား မင်း ဒီနေ့ ညဂျူတီ မရှိဘူးမလား ခုဟာလည်း လူလိုလို့ မင်းကိုအကူအညီတောင်းထားတာမလား လုပ်ပါကွာ ငါမအားလို့ပါ''
" ကျစ်... မင်းက ကွာ''
"ချစ်သော'' နဲ့ ဒေါက်တာ က တီးတီးတိုးတိုးနဲ့ သူ့ကြောင့် အချင်းများနေပုံရတယ်
သူလည်း ''ချစ်သော ''ကို စိတ်မရှုပ်စေချင်တာကြောင့်
သူကပဲ ကြားထဲက ဝင်ပြောလိုက်ရတယ်
" ရပါတယ် ဒေါက်တာတို့ ကျွန်တော့် ဒဏ်ရာက အ့လောက်ကြီး မဆိုးပါဘူး ရွှမ်ပင်းကောကို ကုပေးတာနဲ့တင် ကျေးဇူးတင်ပါတယ် ဒေါက်တာတို့ သွားစရာရှိတာသာ သွားပါခင်ဗျ''
" အားနာလိုက်တာဗျာ ကျွန်တော်ကလည်း ဂျူတီရှိနေတော့''
ရှောင်ကျန့်တစ်ယောက် ရှေ့က ပြုံးပြနေတဲ့ သူ့ကို
အမြင်ကပ်လိုက်တာ မသိရင် ကိုယ်ကပဲ လူနာကို ဂရုမစိုက်တဲ့ ဆရာဝန်ဆိုးကြီးကျလို့
မကောင်းတတ်တဲ့အဆုံး သူကပဲ အ့မျက်နှာရူးကို အရင်စပြောရတာပေါ့
" မလိုက်ခဲ့ဘဲ ဘာလုပ်နေတာလည်း''
"ဗျာ''
" ဒဏ်ရာကို ဆေးထည့်မယ်လေ ဟိုဘက်ခန်းမှာ ဆေးသေတ္တာပုံးက''
" အာ.. ဟုတ်ကဲ့ခင်ဗျ''
ရိပေါ်လည်း အူကြောင်ကြောင်နဲ့ '' ချစ်သော '' နောက်ကို လိုက်သွားခဲ့လိုက်တယ်
"အင်း ဒဏ်ရာက သိပ်မနက်တော့ ချုပ်စရာတော့ မလိုပါဘူး ပိုးမဝင်အောင်တော့ ဆေးထည့်ရလိမ့်မယ် နဲနဲတော့ စပ်မယ်''
"အ့...''
" စပ်လို့လား တအားကြီး''
" နည်းနည်းပါ ''
"ခဏ ပတ်တီးစီးရဦးမယ် ''
" ဟုတ်ကဲ့''
ရိပေါ် လေ့ကျင့်ရေးတုန်းကတောင် ဒီထက် ဒဏ်ရာများသေးတာ အခုဒဏ်ရာက သိပ်မနာပေမယ့်လည်း ''ချစ်သော'' သေးသေးလေးများ ဂရုစိုက်မလားလို့ ပိုလုပ်မိတယ်
YOU ARE READING
You💕💕💕(unicode +zawgyi )
Fanfictionငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ You💕💕💕
Real Ep 03 unicode
Start from the beginning
