Real Ep 03 unicode

Start from the beginning
                                        

ရှောင်ကျန့်တစ်ယောက် ရဲတွေနဲ့ မပတ်သက်ချင်ပေမယ့်လည်း ကိုယ်က ဆရာဝန်ဆိုတော့ လူနာအသက်ကို ကယ်ရမှာပေါ့
သူတို့ရဲတွေက စုံစမ်းတာတွေ စစ်ဆေးတာတွေ လုပ်တာ ကြာနေရင် ကြားထဲက လူနာက အကြောင်းမဲ့သက်သက် အသက် ဆုံးရှုံးရနိုင်တယ် အ့ကြောင့်မို့ မပြောချင်လဲ ပြောနေရတာ

" အာ ဟုတ်တာပေါ့ ချန်ဟွေ့ မင်းပဲ နေခဲ့ပြီး လိုအပ်တဲ့ဟာတွေ စခန်းမှူးကို ကူညီလိုက်ပါ ငါ ရွှမ်ပင်းကောနဲ့ လိုက်သွားလိုက်မယ်''

" ဟုတ်ကဲ့ပါ ဒုရဲအုပ်''

လူနာနဲ့ အတူပါလာတဲ့ ကောင်လေးကို သာမန်ရဲလောက်ပဲထင်ထားပေမယ့် သူက ဒုရဲအုပ်ရာထူးတဲ့လား ငယ်ငယ်လေးနဲ့ ထူးချွန်အောင်မြင်နေတာပါပဲလ
ဒါပေမယ့် ဘာလုပ်ရမှာလဲ ဘယ်လောက် ထူးချွန် ထူးချွန် ရဲတွေက နောက်ဆုံး အသုံးမကျတာက မကျတာပါပဲ
ရှောင်ကျန့်လည်း ဆက်မတွေးနေတော့ဘဲ လူနာကို လိုအပ်တဲ့ စမ်းသပ်မှုတွေသာ လုပ်နေလိုက်တော့တယ်

ရိပေါ်လည်း ချန်ဟွေ့ကို ထားခဲ့လိုက်ပြီး '' ချစ်သော''တို့ ambulanceနဲ့အတူတူ ဆေးရုံကို လိုက်လာခဲ့တော့တယ်

ဆေးရုံရောက်တော့ ရွှမ်ပင်းကောက ခွဲစိတ်ခန်း ဝင်ရမယ်တဲ့ ခွဲစိတ်ဖို့ လူနာရှင်ရဲ့ လက်မှတ်လိုတယ်ဆိုတော့ ရွှမ်ပင်းကောရဲ့ မိဘတွေကလည်း နယ်မှာ beijingမှာလည်း အမျိုးမရှိတာကြောင့် ရိပေါ်ပဲ လူနာရှင်နေရာကနေ လက်မှတ်ထိုးပေးလိုက်တယ်

မိနစ်၂၀လောက် ကြာတော့ ခွဲခန်းထဲက '' ချစ်သော'' ရယ် တခြားဆရာဝန်တစ်ယောက်ရယ်က ထွက်လာတယ်
" ကျည်ဆံကို ထုတ်ပြီးပါပြီ အတွင်းအင်္ဂါတွေလည်း မထိခိုက်ပါဘူး လူနာက ဆေးရုံကို အချိန်မီရောက်တော့
သွေးထွက်လွန်တာလည်း မရှိတော့ စိုးရိမ်စရာမရှိတော့ပါဘူး ခဏနေရင် ရိုးရိုးလူနာခန်းထဲ ရွှေ့လို့ ရပါပြီ''

" ကျေးဇူးပါ Dr''

" ဒါနဲ့လေ သူများကိုချည်း စိတ်ပူမနေပါနဲ့ဦး ခင်ဗျားလက်မောင်းက ဒဏ်ရာကိုလည်း ဆေးထည့်ဦးဗျ ရှောင်ကျန့် မင်း ဒါပြီးရင် လုပ်စရာမရှိဘူးမလား မင်းပဲ ကြည့်ကြပ်ပြီး လုပ်ပေးလိုက်ပါကွာ''

You💕💕💕(unicode +zawgyi )Where stories live. Discover now