နောက်ဆုံးတော့ ရွှီစစ်ကျား သူမရဲ့ မိတ်ကပ်ကို ပြင်လို့ပြီးသွားခဲ့လေသည်။ထန်းဇီယု    လှုပ်ရှားလိုက်ပြီး ရိုက်ကူးရန်    အဆင်သင့်ပြင်ထားလိုက်သည်။

ဒီနေ့ အခန်းရဲ့ အကြောင်းအရာကတော့ ရှန်းဖေးကွမ်နဲ့ ယွီရှောင်လျို့တို့ဟာ ဖူရုန်စစ် ကြောင့် အငြင်းပွါးခဲ့ကြတဲ့ အခန်းဖြစ်သည်။ ယွီရှောင်လျို့က စိတ်ပျက်လက်ပျက်နဲ့ ပြန်လာပြီး ရှန်းဖေးကွမ်က လည်း မကျေမနပ်ဖြစ်နေသည်။

ရွှီစစ်ကျားက ဇာတ်ညွှန်းအရပြောလာသည်။  "ရှန်းဖေးကွမ် ငါမင်းကိုပြောစရာရှိတယ်။"

ထန်းဇီယုကတော့ မပြောချင်ပေ။  "ငါမင်းနဲ့ မပြောချင်ဘူး။"

ရွှီစစ်ကျားက ရှေ့ကို လှမ်းလာကာ သူ့ကို တားလိုက်သည်။  "ဘာလို့လဲ? မင်းမပြောရဲလို့လား?"

ထန်းဇီယုမှာ မတတ်နိုင်တော့ဘဲ သူမနဲ့ငြင်းခုံနေရတော့သည်။

ရွှီစစ်ကျားမှာ ကိုယ်တိုင်ကလည်းသူ့ကို မကျေမနပ် ဖြစ်နေတာကြောင့် ရိုက်ကူးရေးအား ခံစားချက်အပြည့်နဲ့ ချောမွေ့စွာ ရိုက်ကူးခဲ့လေသည်။

ဒါရိုက်တာဝမ်တောင် အံ့သြသွားတယ်၊ ဒါက နည်းနည်းတော့ အံ့ဩစရာပဲလေ။ ရုတ်တရက် နှစ်ယောက်သား တွန်းဆွဲလိုက်ရင်ရ ထန်းဇီယုသည် သူ့ခွန် အားကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ရွှီစစ်ကျားကို မြေပြင်ပေါ်သို့ တိုက်ရိုက်တွန်းချမိသလို ထင်သွားစေလေသည်ဃ

ရွှီစစ်ကျားက ဒေါသတကြီးအော်လာသည်။ "မင်းဘာလုပ်တာလဲ? ပထမဆုံးရိုက်ဖူးတာလား?စရိုက်ကတည်းက လေးလေးနက်နက်မရှိဘူး။"

ထန်းဇီယု သူမကို အံဩစွာကြည့်လိုက်ရင်း ပြန်ချေပလိုက်သည်။ "ကျွန်တော် အဲ့လောက်မတွန်းလိုက်ပါဘူး။"

"မင်း အရမ်းအားမထည့်လိုက်တာတောင်မှ ငါဒီလိုလဲကျသွားတယ် ။ မင်းသာအားထည့်လိုက်ရင် ငါ ဒီနေ့ ဆေးရုံကို တန်းသွားရတော့မှာလား?"

သူမအသံက ကျယ်လောင်နေကာ ချက်ခြင်းပင်၊ လူတိုင်း ဒီနေရာကို မကြည့်ဘဲ မနေနိုင်တော့။

ရွှီစစ်ကျားရဲ့ လက်ထောက်က သူမကို အမြန်ကူညီလိုက်ပြီး မေးလာသည်ဃ "အဆင်ပြေရဲ့လား အစ်မကျား"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now