ရှန်းချီခွန်သည် ရိုက်ကူးရေးခဏနားကာ အခမ်းအနားတစ်ခုတက်ရန် ပြန်သွားချိန်၊ ရွှီစစ်ကျားကတော့ ထန်းဇီယုနဲ့ ရိုက်ကူရေးတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

"ငါ့မိတ်ကပ်က ပျက်နေတော့ ပြင်ရမယ်။ရှောင်ထန်းခဏလောက်စောင့်နော်။"

သူမပြောသလိုပဲ သူမဟာ မှန်ထဲမှာ အမြဲကြည့်နေကာ မိတ်ကပ်ဆရာမကတော့ သူမရဲ့မိတ်ကပ်ကို ပြင်ဖို့ဘေးမှာ ရပ်နေရသည်။

ထန်းဇီယုသည် စောင့်သာစောင့်နေလိုက်ရပြီး ရိုက်ကူးရေးမြန်မြန်ပြီးဖို့ မျှော်လင့်နေမိသည်။

သို့သော်လည်း ရွှီစစ်ကျား အေးအေးဆေးဆေးနဲ့ ဇိမ်ပြေနပြေလုပ်နေလေသည်။ သူမက အောက်ခံမိတ်ကပ် ပြီးသွားရင် မျက်လုံးမိတ်ကပ်၊ မျက်လုံးပြီးတော့ နှုတ်ခမ်းနီကို ထပ်ပြင်ပြီးရင်းပြင်နေခဲ့သည်။

"ဒီအရောင်က ကြည့်ကောင်းလား ငါ့မိတ်ကပ်တစ်ခုလုံးနဲ့ မလိုက်ဖက်ဘူးလို့ ဘာလို့ထင်နေမိတာလဲ?" သူမက နှုတ်ခမ်းစူပြီး မှန်ထဲကနေ နှုတ်ခမ်းနီအရောင်ကို ကြည့်နေသည်။

"စစ်ကျား၊ မြန်မြန်လုပ်။" ဒါရိုက်တာဝမ်က ပြောလာတော့

ရွှီစစ်ကျားက ပြုံးလိုက်သည်။ "နှေးနှေးကွေးကွေးလုပ်တာလည်း ကောင်းတဲ့အလုပ်ပါ။ ကျွန်မရဲ့ ပုံရိပ်က ပိုကောင်းပြီး ထွက်တဲ့ပုံကလည်းအရမ်းကောင်းနေမှာ"

ဒါရိုက်တာဝမ်ကတော့ သူမက သူမ ထည့်ချင တဲ့အခန်းတွေကို အောင်အောင်မြင်မြင်မထည့်ရတော့ ရိုက်ကွင်းမှာတမင် မကျေမနပ်ချက်တွေပုံချနေမှန်း သိနေသည်။

သူ မျက်မှောင်ကြုတ်လိုက်မိ၏။ရွှီစစ်ကျားက အမျိုးသမီး ဇာတ်ဆောင်ဖြစ်တာကြောင့် သူ့ကိုမျက်နှာသာပေးရမည်ဖြစ်ကာ သူဘာမှမပြောပဲနေလိုက်သည်။

ဒီရက်ပိုင်း သူမ ရိုက်လို့ပြီးတာနဲ့ အဆင်ပြေသွားမှာပါလို့ ဒါရိုက်တာဝမ်တွေးနေလိုက်သည်။ မဟုတ်ရင် ထွက်ပေါက်ရှာပြီး ဒေါသထွက်လို့မရရင် ပိုဆိုးလာလိမ့်မယ်။

ထန်းဇီယုလည်း တိတ်တိတ်ဆိတ်ဆိတ်သာ စောင့် ဆိုင်းနေလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Unde poveștirile trăiesc. Descoperă acum