ထိုသူက တကယ့်ကိုသစ်တုံးအကြီးစားကြီးပဲ...
စုန့်ဟွိုင်အနဲငယ်ဒေါသထွက်သွားမိသည်။
ဒါကြောင့် စုန့်ဟွိုင်က
"ပြိုင်ပွဲ၀င်ဖို့အချိန်တအားနီးနေပြီမို့ ကျွန်တော်တို့ဆယ်စတာဗန်ဂြိုဟ်မှာ ၁၀ရက်ထရိန်နင်ဆင်းရမယ်လို့ ဆရာနျိုကပြောတယ်"
 
ဆယ်စတာဗန်ဂြိုဟ်က စတားဂြိုဟ်နဲ့သိပ်မဝေးဘဲ နာရီအနဲငယ်သွားရုံနဲ့ရောက်ပြီဖြစ်သည်။
ဒါပေမယ့် လုမျန်က စုန့်ဟွိုင်အဲ့လိုပြောလာရတာက ကောင်လေး ၁၀ရက်လောက်အိမ်ကထွက်သွားမယ်လို့ယူဆလိုက်သည်။
စုန့်ဟွိုင်ကဘာမှဆက်ပြောမလာပေမယ့် တံခါးရွက်ကိုလက်၂ဖက်နဲ့ဆက်ကိုင်ထားဆဲဖြစ်ပြီး လုမျန်အားတခုခုထပ်ပြောချင်နေတဲ့ပုံစံလိုဖြစ်နေသည်။
 
ခဏလောက်ကြာတော့ လုမျန်ကနောက်ဆုတ်လိုက်ပြီး
"၀င်လာလေ"
စုန့်ဟွိုင်အထဲ၀င်လာတော့ လုမျန်ကသစ်သီးပန်းကန်တွေကိုစားပွဲပေါ်တင်လိုက်ပြီး စာအုပ်စင်ကြီးဆီလျှောက်သွားကာ လိုချင်တဲ့အချက်အလက်တွေအမြန်ရှာဖွေလိုက်သည်။
 
"ဒါ ကိုယ်ပြိုင်ပွဲ၀င်တုန်းကထုတ်ထားတဲ့ အချက်အလက်အတိုလေးတွေ...အခုမင်းဖြေမယ့်ပြိုင်ပွဲမှာ အသုံးတည့်မလားတော့မသိဘူး"
 
ဟန်ရိကောလိပ်ရဲ့ အတော်ဆုံး အထူးချွန်ဆုံးကျောင်းသားတယောက်အနေနဲ့ လုမျန်ကကျောင်းကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲတွေမှာ၀င်ပြိုင်ပြီးပထမဆုတွေရယူပေးခဲ့သည်။
စုန့်ဟွိုင်က လုမျန်ရဲ့မှတ်စုစာအုပ်လေးကိုဖွင့်ကာ ဂရုတစိုက်နဲ့ကြည့်လိုက်သည်။
 
အဟမ်း လူပဲကြည့်ကောင်းတာမဟုတ်ဘူး...ရေးထားတဲ့စာလုံးလက်ရေးတွေကအစ ပြီးပြည့်စုံနေရော...
ပုံနှိပ်စာအုပ်က စာလုံးတွေကိုကြည့်နေရတဲ့အတိုင်းပဲ...

လုမျန်က စုန့်ဟွိုင်အနားမှာစိတ်ရှည်ရှည်နဲ့ရပ်စောင့်နေပြီး စုန့်ဟွိုင်ကတုတ်တုတ်မျှမလှုပ်ပေ။
ထို့ကြောင့် လုမျန်က
"တခုခုမှားနေလို့လား"
စုန့်ဟွိုင်က မှတ်စုစာအုပ်ကိုပိုက်ပြီး ခေါင်းခါလိုက်ကာ
"ဟင့်အင်း မဟုတ်ပါဘူး"
လုမျန်က သူ့မျက်၀န်းတွေထဲကခံစားချက်ကိုဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။
 
စုန့်ဟွိုင်ကတုံ့ဆိုင်းနေပြီး မထွက်သွားချင်သေးပေ။
ထို့ကြောင့်တံခါးနားရောက်တော့မယ့်အချိန် ပြန်လှည့်ကြည့်ပြီး
"ကျွန်တော် မနက်ဖြန်အစောကြီးသွားရမှာ၊၁၀ရက်တောင်သွားနေရမှာ"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now