အလိုက်သင့်လေး ကိုကို လက်လှမ်းတာကို ပြန်လှမ်းတော့ လက်ကို အတင်းဆုပ်ကိုင်ကာ လူကိုဆွဲချသည်။ ရုတ်တရပ်မို့ အရှိန်မထိန်းနိုင်စွာ ကိုကို့ရင်ခွင်ထဲအင့်ကနဲပဲ.......ဒီကိုကို လူကြည့်တော့သာ ပိန်ညှောင်ညှောင် အရိုးထဲကအားထွက်သည်ထင်....လူကိုဖက်ထားတာများတင်းလို့

"အသည်း ဘာမှမဖြစ်ဘူးနော် တော်သေးတာပေါ့ တော်သေးတာပေါ့ ကိုယ်ကစိတ်ပူနေတာ ပြီးတော့ လွမ်းလည်းလွမ်းနေတာ...."

ရင်ထဲဆစ်ကနဲ ဖြစ်သွားပေမယ့် ကိုကို့ရဲ့အသည်းက သူမဟုတ်ကြောင်းတော့ ရှင်းပြရပါဉီးမယ်.....ကိုကိုက အသည်းဆိုတဲ့ လူကိုအရမ်းချစ်တယ်နေမှာ.....

"ဟို.ကို.....ဒီမှာ လူမှားနေတယ်ဗျ ကျွန်တော်ကခင်ဗျားရဲ့ အသည်းမဟုတ်ပါဘူး ကျွန်တော်နဲ့ ခင်ဗျား အခုမှတွေ့ဖူးတာပါ....လွှတ်ပါဉီး ကျွန်တော့ကို"

"ကိုယ့်ကိုယ် စိတ်ဆိုးနေတာလား အသည်းက စိတ်မဆိုးပါနဲ့ ကိုယ်မင်းကိုအထိခိုက်မခံနိုင်တာသိရဲ့သားနဲ့...."

💮
"ဝမ် မင်းတစ်ခုခုဖြစ်ရင် ငါသေမှာ"

💮

"အခုတော့ တော်ပါသေးရဲ့..... "

ရင်ဘတ်ကစိုစွတ်လာတာကြောင့် ရင်ခွင်ထဲက အသည်းကိုကြည့်တော့ တရှိုက်ရှိုက်....သူမေ့နေတာ
ဘယ်လောက်ကြာပြီလဲတော့မသိ ထဖို့အရေး ခက်ခက်ခဲခဲကို ထရတယ်။ဒီကလေးငယ်ကိုချော့ဖို့ လှဲလျက်နဲ့အဆင်မပြေဘူးလေ....

"ဘာ..ဘာဖြစ်တာလဲ.... အသည်း......"

"ကျွန်တော်.....ကျွန်တော်က...... ဝမ်ရိပေါ်ပါ ခင်ဗျားရဲ့အခန်းဖော်...... ခင်ဗျားရဲ့အသည်းမဟုတ်ဘူးလို့...."

ရှိုက်ကာ ရှိုက်ကာ ပြောလာတဲ့ ဒီစကားလေးမှာ ရှောင်းကျန့်ဟာ ရိပေါ်ကိုချော့ရမယ့်အစားတဟားဟားသာအော်ရယ်မိတော့သည်။အသည်းဟာလေ တစ်ခါ တစ်ခါဆို တကယ် အရမ်းရစ်နိုင်လွန်းတာမဟုတ်ဘူးလား.....

"ဟားးးဟားးးးဟားးးးးအသည်းရယ် ဒါကြောင့်နဲ့များ ငိုရတယ်လို့....ဟူတ်တယ်လေ ဟောဒီက ဝမ်ရိပေါ်က ကျွန်တော် ရှောင်းကျန့်ရဲ့အသည်းအသက်လေ.....ကျွန်တော်က ကျွန်တော့အသည်းအသက်ရဲ့နာမည်ကိုမေ့စရာလား"

B O G(ZSWW)[Complete] Where stories live. Discover now