"နင်ထစမ်း...နေတောင်ဖင်ထိုးနေပြီ....
အိပ်ခန်းထဲထိလာကာတစ်ကူးတစ်ကလာနိူးတဲ့ကင်မ်
ယူရီရယ်။ထယ်ယောင်းကတော်ရုံမထဟိုဘက်ဒီဘက်
လှိမ့်ရင်းအပျင်းကြောဆွဲနေသေးသည်။"ထဟဲ့...ငါလုပ်လိုက်ရ..."
ကင်မ်ယူရီဆိုသည်မှာကာစောင်ပုံထဲမြုပ်နေသည့်သူ့
မောင်လေးကိုအသဲယားလာသည်မို့စူထော်ထွက်နေသည့်
ဖင်လုံးလုံးလေးအားပိတ်ကန်ပစ်လိုက်သည်။"ဟာ..မမ..ငါ့ဖင်ကိုမကန်နဲ့မကြိုက်ပါဘူးဆို.."
ထယ်ယောင်းအိပ်ချင်မူးတူးဖြင့်ပိတ်ဟောက်ပစ်လိုက်
သည်။အိပ်ယာနိူးတာကလည်းငြင်ငြင်သာသာမရှိ
ကြမ်းတမ်းလိုက်တဲ့ပုံများ။ဒါ့ကြောင့်ဒီအသက်ဒီအရွယ်
ထိ ကြိုက်မဲ့လူမရှိဘာမရှိနဲ့တစ်ကိုယ်တည်း အပျိုကြီး
ဖြစ်နေရရှာတာ။"နင်သာမထသေးတာ...ဗိုလ်ချုပ်ဂျွန်ကအိမ်အလည်
လာပြီးလို့ပြန်တောင်ပြန်သွားပြီ...""ဘာ..."
ထယ်ယောင်းရုတ်တရပ်ငေါက်ကနဲထထိုင်မိလိုက်သည်။
"ကိုကိုကမနက်အစောကြီးအိမ်ကိုဘာလာလုပ်တာလဲ၊
နောက်ပြီးကိုကိုလာတာကို ငါ့တောင်မနိူးဘူး..."ထယ်ယောင်းမှာလွှတ်ကနဲပြောချင်တာပြောတော့သည်။
ကြည့်လေ..ဗိုလ်ချုပ်ကအစောကြီးအိမ်လာတယ်ပဲထား။
သူ့လာနိူးရမှာပေါ့၊အခုတော့..ကုလားသေကုလားမော
အိပ်ပြီးလက်ထပ်မဲ့လူရောက်လာတောင်မှလာဧည့်မခံ
တဲ့သူ့ကိုဗိုလ်ချုပ်က ကြည့်ဖြူပါ့ဦးမလား။."ငါ့မောင်လေး..ဘယ်လိုခေါ်လိုက်တယ်..မမကိုပြန်
ခေါ်ပြစမ်း..."ကင်မ်ယူရီတစ်ယောက်ဝမ်းသာအားရတွေဖြစ်ကာသူ့
မောင်လေးပခုံးအားလှမ်းဖက်လိုက်သည်။ထယ်ယောင်း
မှာ မမရှေ့ဗိုလ်ချုပ်ဂျွန်အားကိုကိုလို့သုံးနူန်းမိသောကြောင့်သူခိုးလူမိဖြစ်သလိုအုံမလုံအုံပွင့်ဖြစ်သွားရကာ
မျက်နှာကနီမြန်းလုလု။"ငါ..ငါဘာမှမပြောပါဘူး...နင့်လက်ကြီးဖယ်စမ်းပါ၊
အိုက်လွန်းလို့....."ထယ်ယောင်းစိတ်အိုက်အိုက်ရှိသည်နှင့်ပခုံးပေါ်က ကင်မ်
ယူရီလက်အားပုတ်ထုတ်လိုက်သည်။ကင်မ်ယူရီကလည်း
အလျှော့မပေးနောက်တစ်ခါထယ်ယောင်းပခုံးပေါ်လက်
တစ်ဖက်ပစ်တင်ရင်း