1.A Curse book

4K 242 1
                                    

Unicode

စာပေလုပ်ငန်းမှာ အလုပ်သင်ဆင်းနေတဲ့ ၂၂နှစ်အရွယ် ချန်းယန်အတွက် သာယာတဲ့နေ့တစ်နေ့ဖြစ်သည်.... ကုမ္ပဏီပေါင်းများစွာမှာ အလုပ်လျှောက်ထားခဲ့တာမလို့ ဒီနေ့မှာ အင်တာဗျူးတစ်ခုတော့ ဖြေရမယ်ဆိုတာ သေချာသည်... ကောင်ငယ်လေးမှာ အရမ်းကံကောင်းသလို ခံစားနေရပြီး ပါးစပ်က နားရွက်တက်ချိန်မတတ် ပြုံးထားလေသည်....

ယန်တစ်ယောက် သူ့လက်ပတ်နာရီကိုကြည့်ပြီး "သေစမ်း! ဒီနေ့ စောစောထလိုက်သင့်တာ... မီးပွိုင့်တွေက တကယ့်ကို စိတ်ပျက်စရာကောင်းတယ်" သူတုန်လှုပ်စွာ ပြောလိုက်၏...

သူ့ရှေ့မှာ ပိတ်နေတဲ့ယာဥ်တွေက သူ့ကို တကယ်ခေါင်းကိုက်စေတယ်... အင်တာဗျူး ၈နာရီစမှာ... အခုပဲ ၇နာရီခွဲနေပြီ.. Busတွေမှာလည်း ခရီးသည်တွေအပြည့်ပင်... သူလည်းပဲ Bus ကားမှတ်တိုင်မှာ စောင့်နေတာဖြစ်သည်....

"နောက်ဆုံးတော့!" ခရီးသည် နည်းနည်းပဲပါတဲ့ Bus က သူ့ရှေ့မှာ လာရပ်တာကြောင့် သူပျော်သွား၏... သူလူအုပ်ခြားထဲမှာ မနေနိုင်တာကြောင့် နည်းနည်းဝေးတဲ့ခုံကို ရွေးလိုက်သည်... သူထိုင်ဖို့လုပ်လိုက်ပေမဲ့ သူ့တင်ပါးနဲ့ တစ်ခုခုထိမိသွား၏...

သူအဲ့တာကို ကောက်လိုက်၏ "ဒါဘာလဲ စာအုပ်လား" သူကြည့်ရင်း ထိုင်လိုက်သည်... အဲ့တာက နာမည်လည်းမပါ အထဲကစာမျက်နှာတွေမှာလည်း ဗလာဖြစ်နေတဲ့ စာအုပ်‌‌ဟောင်းတစ်အုပ်ဖြစ်၏... "ကျောင်းသားတစ်ယောက် မတော်တဆကျန်ခဲ့တာဖြစ်လောက်မယ်... ဒါမဲ့ နာမည်လည်းထိုးမထားဘဲနဲ့ ငါဘယ်လိုပြန်ပေးရမှာလဲ" သူဘာသာ ပြောနေလိုက်၏...

"အာ့!" ကားကရုတ်တရတ် ရပ်လိုက်တာမလို့ ယန် သူ့ရှေ့က ထိုင်ခုံထဲကို နစ်ဝင်တော့မလိုဖြစ်သွား၏... ကားရှေ့မှ ခွေးဖြတ်ပြေးသွားတာပင်.... "အာဟာ့...ရပြီ" ကျသွားတဲ့စာအုပ်ကို ပြန်ကောက်လိုက်ပြီးနောက် သူ ထိတ်လန့်သွား၏... စောနလေးတင် အလွတ်ဖြစ်နေတဲ့ စာအုပ်က အသစ်ဖြစ်သွားပြီး အဖုံးမှာလည်း သူနာမည် 'CHEN YANG' ဟုရေးထားလေသည်....

ယန်တစ်ယောက် ကုမ္ပဏီရောက်သည်အထိ နားမလည်နိုင်ဖြစ်နေသည်... စာအုပ်ကို သူ့အိတ်ထဲထည့်လိုက်၏... သူ့အင်တာဗျူးက ချောချောမွေ့မွေ့ပင် ပြီး သွားကာ သူတို့အကြောင်းကြားတာကို စောင့်နေရန် ပြောလိုက်၏.. အိမ်ပြန်ရောက်တော့ ရေချိုးမလို့လုပ်သည့်အချိန်တွင် အသံတစ်သံကို ရုတ်တရတ် ကြားလိုက်ရသည်... လှည့်ပတ်ကြည့်လိုက်သော်လည်း ဘယ်သူမှမတွေ့ပေ....

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now