တစ်ဖက်မှာလည်း ဝမ်ရိပေါ်တို့ ရဲသင်တန်းတစ်သိုက်လည်း ဆရာပြောတဲ့ မိဘမဲ့ဂေဟာကို သွားဖို့အတွက် စိတ်လှုပ်ရှားနေခဲ့တယ်
ရိပေါ် ဂေဟာက ကလေးလေးတွေကို စာနာပါတယ်
ကိုယ် ကိုယ်တိုင်က မိဘမဲ့ တစ်ယောက် ဖြစ်လို့လား မသိ သူတို့လေးတွေရဲ့ ဘဝကို လှပစေချင်သည်
သူတို့လေးတွေရဲ့ အနာဂတ်ကို တောက်ပစေချင်သည်
ကလေးတွေအတွက် လိုတဲ့ စာရေးကိရိယာနဲ့ မုန့်တစ်ချို့ အရုပ်တသ်ချို့ကို ဆရာဆီက ခွင့်တောင်းပြီး ကြိုဝယ်ထားပြီးပြီ ကလေးတွေကို ပေးဖို့သာ ကျန်တော့တယ် ကလေးတွေကိုတွေ့ချင်လို့ သွားခဲ့သော်လည်း သူ့ဘဝရဲ့ အရေးပါဆုံးသူကို တွေ့လာလိ​မ့်မယ်
လို့တော့ သူ ကြိုမထင်ထားခဲ့တာပါ

"Happiness'' မိဘမဲ့ဂေဟာ,
ရှောင်ကျန့်တို့ကားလေး ဂေဟာကို ရောက်တဲ့အချိန်မှာ ဂေဟာက ကျောင်းအုပ်ဆရာမကြီးရယ်နဲ့ တခြားဆရာ ဆရာမငယ်တွေက ထွက်ကြိုကြတယ်

"အာ...ဒေါက်တာလေးတို့ ရောက်လာကြပြီလား လမ်းက နဲနဲ ကြမ်းတော့ ခရီးပန်းလာကြမယ်ထင်တယ် အရင်ဆုံး နားလိုက်ကြပါဦး''

" ရပါတယ် ဆရာမကြီးရယ် လမ်းက အ့လောက်လည်း တအားကြီး မဆိုးပါဘူး ကျွန်တော်တို့ရဲ့ အလုပ်သင်တွေက ဒီလောက်ကတော့ ခံနိုင်ရည်ရှိပါတယ် ဟုတ်တယ်မလား တပည့်တို့''

"ဟုတ်ကဲ့ ပါမောက္ခ''
အကုန်လုံးက ပြောနေကြပေမယ့် ရှောင်ကျန့်ကတော့ နှုတ်သာဆိတ်နေမိတော့တယ်
ပါမောက္ခက ဘယ်ပင်ပန်းပါ့မလဲ ရှေ့ခန်းကနေ ကျော့ကျော့လေး အိပ်လိုက်လာတာကို သူတို့လို အလုပ်သင်တွေကတော့ ကားနောက်ခန်းမှာ ကျပ်သိပ်ပြီး လိုက်လာရတယ်
ကားက 2စီးမလို့သာ တော်တော့တယ်
ယောကျာ်းလေး မိန်းကလေး ခွဲလိုက်လို့ရလို့သာရယ်
ကားက လိုက်ထရပ်ခ်လေး လူကရှိတာက ယောကျာ်းလေးဆယ်ယောက် မိန်းကလေး၈ယောက် ပေါင်း ဆယ်ယောက်
မိန်းကလေးတွေက လူတအားမများတော့ တော်သေးတယ် သူတို့ ယောကျာ်းလေးတွေကတော့ ညပ်ပြီး ထိုင်နေရတယ် ဒီကြားထဲ ဆေးပစ္စည်းတွေနဲ့ကော
ပြီးတော့ မိန်းကလေးတွေဘက်က ဆရာမက သဘောကောင်းတယ် သူကော အကုန်ကူလုပ်ပေးတာ
သူတို့ ပါမောက္ခကတော့ အကုန် သူတို့ပဲ ခိုင်းနေတာ
မြန်မြန် အလုပ်သင်ဘဝက ကျွတ်ချင်ပြီ ဒီလကုန်ရင်တော့ beijingကို ပြန်လို့ရလောက်ပါပြီ သက်တမ်းကလည်း ပြည့်ပြီဆိုတော့

You💕💕💕(unicode +zawgyi )Nơi câu chuyện tồn tại. Hãy khám phá bây giờ