" ဟုတ်ပါ့ဟာ အစက စီနီယာ့ကို boyfriend material typeလို့ သတ်မှတ်ထားတာ ငါ့ရဲ့ideal typeလို့ကောပဲ ခုတော့ မလိုချင်တော့ပါဘူး သူ့ချစ်သူပဲ ဂရုစိုက်ပြီး ကျန်တဲ့သူတွေအပေါ် ယဥ်ကျေးမှုမရှိမှတော့ အလကားပဲလေ''(မီရာ)

"တော်ပါတော့ ဖေးဖေးနဲ့ မီရာ ရာ ကာယကံရှင်ဖြစ်တဲ့ ကုဝေတောင် ဘာမှမပြောဘူး နင်တို့ပြောမှ စီနီယာရှောင်းက အပေါက်ဆိုးတဲ့သူ ဖြစ်နေပြီ''(ရိချန်)

" ဟုတ်ပါတယ်ဟာ စီနီယာက အခန့်မသင့်လို့ ပြောလိုက်တာနေမှာပါ ပြီးတော့ မှားတာမှ မဟုတ်တာ ငါကလည်း အလုပ်သင်ပဲ ရှိသေးတာလေ ''

" ကဲပါ အားလုံးလည်း တော်ကြပါတော့ တစ်ယောက်တစ်ပေါက်နဲ့ ထင်တာ ပြောမနေကြပါနဲ့တော့ အကုန် ငါ ရှင်းပြမယ် ကုဝေ အရင်ဆုံး ကော မင်းကို တောင်းပန်ပါတယ် ရှောင်ကျန့် ပြောလိုက်တဲ့ စကားအတွက် အရင်တစ်ပတ်ကတည်းက အကို ရှင်းပြပြီး တောင်းပန်မလို့ဘဲ ဒီကြားထဲ လူနာတွေများနေလို့ မအားတာနဲ့ဘဲ မပြောဖြစ်သေးတာ''

" ရပါတယ် ကျိုးချန်ကော ကျွန်တော် စိတ်ထဲ မထားပါဘူး''

"အင်း ရှောင်ကျန့်က အရင်က အ့လို မဟုတ်ပါဘူးကွာ
လူနာတွေကိုကော သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေအပေါ်မှာကော လေးလေးစားစားနဲ့ ကောင်းကောင်း ဆက်ဆံတတ်တဲ့သူပါ သူ့ရဲ့ ချစ်ရတဲ့သူ က ခုထိ သတင်းမကြားဘဲ ပျောက်ဆုံးနေတယ်လေ တချို့ကဆို သေလောက်ပြီလို့ ပြောနေကြတာ မင်းတို့ဆိုရင်ကော
ကိုယ့်ချစ်သူတစ်ယောက်လုံး သေသလား ရှင်သလားလည်းမသိ ဘယ်ရောက်လို့ ဘယ်ဆီမှာ ရှိနေမှန်းမသိတာကို စိတ်က ကြည်ကြည်လင်လင်နဲ့ ရှိနေနိုင်ပါ့မလား''

" ဘလို စီနီယာရဲ့ ကောင်လေးက ပျောက်နေတာလား''
(မီရာ)

" ဘာလို့လဲဟင်''(ဖေးဖေး)

" အင်း ဒီအကြောင်းတွေကို ပြောရမယ်ဆိုရင် ဟိုးအစကနေ ပြန်ပြောပြရမှာပဲ''

Flashback <<<<
2017,March 14ရက်
ရှောင်ကျန့်တို့ အလုပ်သင်တစ်သိုက် တာဝန်ကျနေတဲ့ လော့ယန်မှာရှိတဲ့ မိဘမဲ့ဂေဟာလေးတစ်ခုမှာ ရဲသင်တန်းကျောင်းတစ်ခုနဲ့ ပူးပေါင်းပြီး ကလေးတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေလည်း လုပ်ရင်း ပစ္စည်းတွေကို ထောက်ပံပေးဖို့ ဆေးရုံအုပ်ကြီးရဲ့ ညွှန်ကြားချက်ကြောင့် သွားဖို့ ဖြစ်လာတယ်

You💕💕💕(unicode +zawgyi )Where stories live. Discover now