အခန်းထဲက ရှောင်ကျန့်မှာတော့ အမယန်လီက သေသေချာချာကြီး စောင့်ကြည့်နေတော့ တုတ်တုတ်တောင် မလှုပ်ရဲ
သူသိတာပေါ့ ထုတ်မပြောပေမယ့် အမယန်လီနဲ့ ကျိုးချန်က သူတစ်ခုခုဖြစ်မှာကို စိတ်ပူနေကြတယ်ဆိုတာ
သူ့အနားမှာတော့ ဂရုစိုက်ပေးမယ့်သူတွေ ရှိပေမယ့်
လောင်ဝမ်ကရော... ဘလိုရှိနေမှာလဲ တကယ်ပဲ လောကကြီးမှာမရှိတော့ရင်... သူတကယ်ဆက်မစဥ်းစားချင်တော့တာနဲ့ အိပ်ပစ်လိုက်တယ် အိပ်လိုက်ရင်တော့ အိမ်မက်ထဲမှာပဲဖြစ်ဖြစ် လောင်ဝမ်နဲ့ တွေ့ရမှာ

Time skip>>>တစ်ပတ်ခန့်ကြာသော်
ရှောင်ကျန့်တစ်ယောက် ဆေးရုံသွားဖို့ ပြင်ဆင်နေတယ် နောက်ကျမှ အိပ်ပျော်ပြီး အိပ်ရာထနောက်ကျတော့ အချိန်မီအောင် မနည်း လုပ်နေရတယ်
ဒါပေမယ့် တန်ပါတယ်လေ မနေ့က အိမ်မက်ထဲမှာ လောင်ဝမ်က သူ့ဆီ ပြန်လာတယ်တဲ့လေ
ဒီနေ့မှာတော့ မနေ့ကလို busက လူတွေများမနေဘဲ
လူက ဆယ်ယောက်လောက်ပဲ ရှိတယ်

ဆေးရုံကိုရောက်တော့ ထုံးစံအတိုင်း ကောင်တာက nurseတွေက နှုတ်ဆက်ပြန်တယ်
အနည်းငယ် ပြန်ပြုံးပြလိုက်ပြီး နားနေခန်းထဲကိုသာ အမြန်ဝင်လာခဲ့လိုက်တယ်
ကောင်တာက nurseမလေးတွေကတော့ Dr.Xiao က ထူးထူးခြားခြား ပြုံးပြသွားတာကြောင့် အံသြနေတော့တယ်

အ့လိုနဲ့ ရှောင်ကျန့်တစ်ယောက် လူနာတွေ စစ်ဖို့ အလုပ်သင်နဲ့အတူ သွားရမယ်ဆိုတော့ ကျတဲ့သူက ကုဝေဖြစ်နေတယ်
တစ်ပတ်လုံးလုံး ကုဝေက ကျိုးချန်နဲ့သာ အတူ အလုပ်လုပ်နေပြီး ခုမှ သူနဲ့ တာဝန်တွဲကျတယ်
တစ်ပတ်လုံးလုံး စကားမပြောမိကြတော့ သူဘယ်လို စကားစခေါ်ရမလဲ မသိပေမယ့် ကြားထဲက nurseမလေး ကောင်းမှုကြောင့် လူနာစစ်တာ ကောင်းကောင်း ပြီးသွားတယ်

နေ့လည်စာစားချိန်ရောက်တော့ ကုဝေတို့သူငယ်ချင်းတစ်စုက ကျိုးချန်နဲ့ တစ်ဝိုင်းထိုင်နေကြတယ်
ရှောင်ကျန့် သူ့အမှားကို သွားတောင်းပန်ချင်ပေမယ့်
ကိုယ့်ထက်ငယ်တဲ့ တခြားအလုပ်သင်တွေလည်း ရှိနေတာနဲ့ ထုံးစံအတိုင်း တေ့လည်စာကိုယူပြီး အခန်းထဲကို ပြန်လာခဲ့လိုက်တယ်

"စီနီယာရှောင်းက တော်တော် အသည်းမာတာပဲ ကုဝေကို တောင်းပန်တာလေးတောင်မပြောဘူး ''(ဖေးဖေး)

You💕💕💕(unicode +zawgyi )Where stories live. Discover now