"ပန်း​သွေး သတိရလာပြီလား ချက်​ချင်းကြီးမထလိုက်​နဲ့အုန်း​နော်​ ခွဲခန်းကထွက်​လာတာမကြာ​သေး​တော့ နာ​နေအုန်းမှာ"
စကား​ပြောဖို့အားမရှိ​သေး၍ ခဏမျှမျက်​လုံးမှိတ်​ကာ​နေရင်​​ဘေးမှ​နေ၀န်း​ပြော​နေသည်​များကိုတိတ်​တဆိတ်​နား​ထောင်​​နေမိသည်​။
"မ​သေ​ကောင်းမ​ပျောက်​​ကောင်း မမရယ်​ မြတ်​သူဖြင့်​ မ​နေ၀န်း​အော်​​ခေါ်​တော့တကယ်​လန့်​သွားတာသိလား အဲ့ဟိုလူကလဲ​ပြေးတာမ​နေ၀န်းဆိုအဲ့တုန်းက​ဒေါသ​တော်​​တော်​ထွက်​​နေတာသိလား မြတ်​သူဖြင့်​တကယ်​လန့်​သွားတာ"
"ကဲ မြတ်​သူ နင်​ဟာ​လေ စကားကိုများတယ်​ ဒီမှာ ပန်း​သွေးကအခုမှ ​မေ့​ဆေးပျယ်​ယုံ​လေးရှိ​သေးတာ နားပါ​စေအုန်း"
အခန်းထဲ သူအပါအ၀င်​လူ​လေး​ယောက်​ရှိ​သော်​လဲ ထက်​​ကောင်းကင်​ကဘာတစ်​ခုမှဝင်​မ​ပြောပါပဲ ပန်း​သွေးကိုသာ​စူးစိုက်​ကြည့်​​နေပါသဖြင့်​ ​နေ၀န်းသည်​လဲ မြတ်​သူကိုအရိပ်​အ​ခြေပြကာ အခန်းထဲမှထွက်​သွားခဲ့သည်​။
"မပြန်​​သေးဘူးလားကိုကို အိမ်​မှာ မမစိမ်းတစ်​​ယောက်​ထဲဖြစ်​​နေပါအုန်းမယ်​"
"ငါ့ညီမတစ်​​ယောက်​လုံး​ဆေးရုံမှာအသက်​လု​နေရတာ စိမ်းနားလည်​​နိုင်​ပါတယ်​..."
ထို့​နောက်စကား​ပြော​နေရင်း ရုတ်​တရပ်​ ရပ်​တန့်​သွားပြီး​နောက်​ အသက်​ပြင်းပြင်းရှုပြီး စိတ်​ရှုတ်​​နေဟန်​ဖြင့်​ပန်း​သွေးကို​ငေးကြည့်​ကာ သူအရမ်းသိချင်​​နေသည့်​​မေးခွန်းကိုစ​တင်​​မေးပါ​တော့သည်​။
"အခုလိုအ​ခြေအ​နေမှာ​မေးဖို့မသင့်​​တော်​​ပေမဲ့ ​နေ၀န်းမာယာ​ပြောသွားတဲ့စကားကိုငါသိဖို့လိုအပ်​တယ်​ပန်း​သွေး"
"ဟင်​...​နေ၀န်းကဘာ​ပြောလို့လဲ"
ဇာက်​​ကြောင်းပြန်​​ဖော်​ပါဆိုလျှင်​ ပန်း​သွေးကို​ဆေးရုံ​ခေါ်လာသည့်​လမ်းတစ်​​လျောက်​ အချိန်​ကြာလာသည့်​အမျှ ​သွေးထွက်​လွန်​​နေခဲ့သည်​၊ ​ဆေးရုံ​ရောက်​​တော့ pressure အရမ်းကျ​နေခဲ့ပြီး ​မျော့​မျော့​လေးသာကျန်​ရှိ​နေ​တော့သည်​၊ အ​ရေး​ပေါ်​သွေးလို​နေ၍ B+ ​​ဖြစ်​​နေသည့်​ပန်း​သွေးနှင့်​တိုက်​သည့်​​သွေးမှာရှာမရဖြစ်​​နေခဲ့သည်​၊ ပုံမှန်​​သွေးလှူ​နေကျလူမှာလဲဖုန်းဆက်​မရဖြစ်​​နေ၍ သူနာပြုဆရာမ​လေးမှ မိသားစုရှိရင်​ထိုမိသားစုထံ​ဆက်​သွယ်​​ပေးရန်​​ပြော​တော့ သူစိတ်​ထဲ​ပေါ်လာသူကတစ်​ဦးထဲ။