အပိုင်း(၂၇)

Start from the beginning
                                    

"ကလိမ်ကျစ်ကောင် ၊ ခေါင်းမာတဲ့ကောင် ၊ လူဆိုးလူညစ်ကောင်"

ဇီယန် ဒေါသတကြီး သွားများကို ကြိတ်လိုက်သည်။

မုန့်မုန့် အပြင်ထွက်လာပြီးကတည်းက ဇီယန်သည် တခြားဘာမှမပြောလိုတော့ပဲ ကျန်းဟန်ကို ဂရုစိုက်ရန် မုန့်မုန့်ကို နေရောင်အလွန်အကျွံမထိစေရန် သတိပေးချင်ရုံသာရှိသည်။ တကယ်တော့ လခြမ်းတောင်သည် နေရာလွတ်တစ်ခုသာဖြစ်ပေသည်။

ကျန်းဟန်သည် မဆိုင်းမတွပင် ဖုန်းပိတ်လိုက်ပြီး အိတ်ကပ်ထဲသို့ အေးဆေးတည်ငြိမ်သော မျက်နှာဖြင့် ထည့်လိုက်သည်။

ဇီယန်သည် သူ့အား အပြစ်တင်ရန် ဖုန်းခေါ်သည်ဟု ထင်ခဲ့သည်။ ထိုအရာတွေကို ဂရုမစိုက်ဘဲ မုန့်မုန့်အား ကျန်းမိသားစု၏သင်ကြားမှုကိုသာ လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

"မုန့်မုန့် အန်တီဝမ်က သမီးကို ပုံမှန်ဆိုရင် ကောင်းကောင်းဆက်ဆံလား" ကျန်းဟန်ပြုံးပြီးမေးလိုက်သည်။

"အေးအေးဆေးဆေးပဲ အဆင်ပြေတယ်" မုန့်မုန့် ပြန်ဖြေသည်။

"ဒါဆို သမီးက ဘာလို့ သူ့ကို စုန်းမကြီး လို့ခေါ်တာလဲ။ ပြီးတော့ သူ့ကို ဖေဖေ ရိုက်စေချင်နေတာလား" ကျန်းဟန် ပေါ့ပေါ့ပါးပါးမေးသည်။

"ဘာလို့လဲဆိုတော့ မုန့်မုန့်ကို အပြင်ထွက်ကစားခွင်မပေးလို့ မုန့်မုန့်က သူ့ကို မကြိုက်ဘူး"

မုန့်မုန့်သည် သူမ၏ နှုတ်ခမ်းလေးကိုစူပြီး ပြောလိုက်သည်။

"မုန့်မုန့်"

ကျန်းဟန်သည် မင်းသမီးလေးကိုကြည့်ပြီး လေးနက်တင်းမာစွာပြောလိုက်သည်။

"သမီးနောက်ဆိုရင် ဒီလိုအပြုအမူမျိုးမလုပ်ရဘူး။ တခြားသူတွေကို လေးစားမှုရှိဖို့ သမီးသင်ယူရမယ်။သမီး နားလည်လား"

"နားလည်ပါပြီ"

မုန့်မုန့်သည် ခပ်အုပ်အုပ်လေးသံဖြင့်ပြောလိုက်သည်။

ဒါပထမဆုံးအကြိမ် ဖေဖေ ဆူတာပဲ။ ဟွန့် ငါမပျော်ဘူး...

"ဖေဖေ သမီးကို ဆူနေတာမဟုတ်ဘူး။ သူတို့အားလုံးက အင်းစက်လေးတွေဖြစ်ပေမဲ့ သမီးကို ကောင်းကောင်းဆက်ဆံတဲ့သူတွေကို လေးစားဖို့လိုတယ်။ သမီးကို ကောင်းကောင်းမဆက်ဆံတဲ့သူတွေကိုတော့ သမီးကြိုက်သလို အော်ဟစ်ကြိမ်းမောင်းနိုင်တယ်။ ဒီထက်တောင်မကဘူး သမီးပါးစပ်ကပြောစရာကို မလိုတော့ပဲ ဖေဖေက သမီးအတွက် အဲဒီလူကို ဆုံးမပေးမယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now