အပိုင်း(၂၆)

Start from the beginning
                                    

"နင်ဘာတွေလျှောက်ပြောနေတာလဲ"

ဇီယန် ကျိုးဖေးကို မျက်စောင်းထိုးလိုက်သည်။

"ဟီးဟီး စားရအောင် စားရအောင်"

ကျိုးဖေးရယ်လိုက်ပြီး ထမင်းစားစားပွဲရှေ့သို့ ပြေးသွားသည်။

"သွားစားကြရအောင်" ကျန်းဟန် မုန့်မုန့်ကို ချီကာ ထမင်းစားစားပွဲသို့သွားလိုက်သည်။

"ဖေဖေ အဲဒီရှည်ရှည်ခုံက သမီးဟာ"

မုန့်မုန့်သည် အရှည်ဆုံးထိုင်ခုံကို ညွှန်ပြကာပြောသည်။

ကျန်းဟန် မုန့်မုန့်ကို ထိုခုံပေါ်တင်လိုက်ပြီး မုန့်မုန့်အား ကျွေးရန် သူမ၏ညာဘက်တွင် ဝင်ထိုင်လိုက်သည်။ မူလက မုန့်မုန့်အား ကျွေးမွေးရန်မှာ ဝမ်ကျွမ့်၏နေ့စဉ်အလုပ်ဖြစ်သော်လည်း ကျန်းဟန်သည် မုန့်မုန့်အား ကိုယ်တိုင်ကိုယ်ကျ ကျွေးရန်ရည်ရွယ်ထားသည်ကို မြင်သည့်အခါ ဝမ်ကျွမ့်အနည်းငယ် ပြုံးလိုက်ပြီး သန့်ရှင်းရေးလုပ်ရန် မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။

"မေမေ ဒီမှာလာထိုင်"

ဇီယန်သည် သူမရှေ့တွင်ဝင်ထိုင်သည်ကိုတွေ့သည်နှင့် မုန့်မုန့်သည် အနည်းငယ်မကျေမနပ်ဖြစ်ကာ သူမဘယ်ဘက်ရှိထိုင်ခုံကိုညွှန်ပြကာ အမိန့်ပေးလိုက်သည်။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ သမီးပြောတာနားထောင်ပါ့မယ်"

ဇီယန်ပြုံးလိုက်ပြီး မုန့်မုန့်၏ ဘယ်ဘက်တွင် သွားထိုင်လိုက်သည်။

သူမ၏ဘယ်ဘက်တွင်အမေဖြစ်သူထိုင်နေပြီး ညာဘက်တွင်တော့ အဖေဖြစ်သူထိုင်နေသည်ကို မြင်သည့်အခါ မုန့်မုန့် ဝမ်းသာအားရမျက်နှာဖြင့် လက်နှစ်ဖက်ကိုမြှောက်လိုက်သည်။

"လာမုန့်မုန့် ဆန်ပြုတ်ကို စား၊ နွားနို့များများသောက်၊ ကြက်ဥအနှစ်ကိုများများစား ကြက်ဥအနှစ်က အာဟာရအများဆုံးပဲ။ ဆားနယ်ထားတဲ့ အသီးအရွက်တွေ မစားနဲ့။ ဆားနယ်ထားတဲ့ အသီးအရွက်တွေ များများစားရင် မကောင်းဘူး..."

ကျန်းဟန် ညာဘက်ခြမ်းတွင်ထိုင်ပြီး သူကိုယ်တိုင်အရင်မစားပဲ မုန့်မုန့်ကို တစ်လုတ်ပြီးတစ်လုတ် ခွံ့ကျွေးနေတော့သည်။ သူ၏အမူအရာတွင်ရှိသည့် နူးညံ့မှုအရိပ်အယောင်များက ဇီယန်၏မျက်လုံးများကို ဖမ်းစားထားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now