အပိုင်း(၂၅)

Start from the beginning
                                    

မုန့်မုန့်အတွက် သူအမှန်တကယ် အစွမ်းကုန်ကြိုးစားခဲ့သည်။

ရက်အနည်းငယ်သာ တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီး ကျန်းဟန်က မုန့်မုန့်ကို လှည့်စားလိမ့်မည်ဟု သူမကိုယ်တိုင်တွေးခဲ့ဖူးသည်။ သွေးသည် ရေထက် အမြဲတမ်းပို၍ပျစ်သည်ဆိုသော မိသားစု၏ ချစ်ခြင်းမေတ္တာဟုပြောနိုင်သည်။

"အစ်မယန် အဲ့လိုလုပ်လို့မဖြစ်ဘူး"

ကျိုးဖေးက တုန်လှုပ်နေသာလေသံဖြင့်ပြောလိုက်သည်။

"နင် အဲ့ကောင်ကို မုန့်မုန့်နဲ့အကြာကြီးနေခွင့်ပေးလိုက်ရင် မုန့်မုန့်ကို မင်းဆီက ဆွဲထုတ်သွားရင် ဘယ်လိုလုပ်မလဲ။ နင့်ရဲ့အလုပ်ကြောင့် မုန့်မုန့်နဲ့လိုက်နေဖို့လဲ အချိန်သိပ်ရှိတာမဟုတ်ဘူး။ အဲ့ကောင်က မုန့်မုန့်ကို နင့်ဆီက လုယူဖို့ အခွင့်အရေးယူသွားရင် မကောင်းဘူး။ အစ်မယန် နင်စဉ်းစားကြည့်။ သူ အနာဂတ်မှာ မုန့်မုန့်အတွက် မိထွေးတစ်ယောက်ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ။ သူ့ကလေးမဟုတ်တဲ့သူအတွက်နဲ့ ဒီမိထွေးက မုန့်မုန့်ကို ကောင်းကောင်းဆက်ဆံမှာ မဟုတ်တာ သေချာတယ်"

ကျိုးဖေးပြောလိုက်သည်နှင့် ဇီယန်၏အကြည့်များ မှုန်ကုပ်သွားသည်။

ဇီယန်၏ အတွေးများမှာ ဆိုးရွားလာတော့သည်။ မိထွေး၏ရိုက်နှက်ခြင်းကို ခံနေရသည့် မုန့်မုန့်၏ပုံရိပ်သည် သူမ၏စိတ်ထဲတွင် ပေါ်လာသောအခါ သူမ၏ကိုယ်သည် မနေနိုင်ဘဲ တုန်လှုပ်သွားသည်။

ပြတ်ပြတ်သားသားလေသံဖြင့် သူမပြောလိုက်သည်။

"မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးဖြစ်ဖို့ ငါလုံးဝခွင့်မပြုဘူး"

"မှန်တယ်" ကျိုးဖေးက သူမ၏မျက်လုံးကို လှန်လိုက်ပြီး ပြောလိုက်သည်။

"ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်"

"ဘာနည်းလမ်းလဲ" ဇီယန်မေးလိုက်သည်။

"အဆိုးတကာ့အဆိုးဆုံးဖြစ်လာခဲ့ရင် အစ်မယန် နင်ကိုယ့်ကိုယ်ကိုယ် နည်းနည်းစတေးပြီး အဲ့ကောင်နဲ့ ပေါင်းဖက်လိုက်ရလိမ့်မယ်။ ဒီနည်းနဲ့ဆိုရင် နင်တို့နှစ်ယောက်လုံးက မုန့်မုန့်ရဲ့ မိဘအရင်းတွေမို့ စိတ်ပူစရာမရှိတော့ဘူး" ကျိုးဖေး ရယ်မောရင်း ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now