အပိုင်း(၂၅)

Start from the beginning
                                    

"ဖေဖေ မုန့်မုန့်ကို အောက်ချပေးပါ"

အပေါ်ထပ်သို့တက်လာသောအခါ မုန့်မုန့်သည် ကျန်းဟန်၏ရင်ခွင်ထဲတွင် လှုပ်ခါနေတော့သည်။

မုန့်မုန့်သည် ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်ပြီးနောက် သူမ၏အမူအရာမှာ အလွန်ပျော်ရွှင်သွားပြီး စိတ်လှုပ်ရှားစွာ ရှေ့သို့ပြေးသွားသည်။ ဆိုဖာပေါ်တွင် အမွှေးပွအရုပ်များရှိပြီး ဆိုဖာရှေ့ကော်ဖီစားပွဲတွင်လည်း အရုပ်များစွာရှိနေသည်။

"ဖေဖေ မြန်မြန်လာ"

မုန့်မုန့်သည် သူမ၏အရုပ်တစ်ရုပ်ချင်းအား ကျန်းဟန်ကိုပေးနေသည်။

"ဝိုး ဒီတစ်ခုက တော်တော်လှတယ်။ ဝိုး ဒီကျားကြီးကလည်း တကယ်ကြောက်စရာကြီးပဲ။ ဒါကဘာလဲ။ မစ်ကီမောက်စ်လား ဝိုး"

အနည်းငယ်အိုဗာဖြစ်သည့် လေသံဖြင့် ကျန်းဟန်သည် မုန့်မုန့်နှင့် လိုက်၍ ဆော့ကစားပေးသည်။

မုန့်မုန့်က မရပ်မနား တခစ်ခစ်ရယ်နေပြီး "လှတယ်မလား။ မုန့်မုန့်နဲ့တူတယ်မလားဟင်... ဖေဖေ သမီးပြောပြမယ် ဒီကျားက လူတွေကို မကိုက်ဘူး။ ဖေဖေကြည့် ဒါက မစ်ကီမောက်စ်မဟုတ်ဘူး ဒါက ဒေါ်နယ်ဒက်(Donald Duck)။ ဖေဖေက အရမ်းအတာပဲ..."

"ဟမ့် သူက ကလေးကို ဘယ်လိုချော့မြှူရမလဲ သေချာသိတာပဲ"

နောက်ဘက်ထောင့်ရှိ အခန်းတံခါးဝတွင် ကျိုးဖေး နှုတ်ခမ်းတွန့်ကာ တိုးတိုးလေးပြောလိုက်သည်။

"နောက်ဆိုရင် နင် မုန့်မုန့်ရှေ့မှာ သူ့ကို မကောင်းပြောလို့မရတော့ဘူး။ အခုချိန်မှာ မုန့်မုန့်က သူ့ကို အရမ်းချစ်နေပြီ"

အခန်းထံတွင် အဝတ်အစားလဲနေသော ဇီယန်က သူမ၏ပါးစပ်ဟကာ ပြောလိုက်သည်။

"အစ်မယန်"

ကျိုးဖေး အခန်းထဲသို့ဝင်လာပြီး တံခါးပိတ်ကာ လေသံတိုးတိုးဖြင့်မေးလိုက်သည်။

"အဲ့ကောင်ကို ဘာလို့ ဒီကိုလာခွင့်ပေးတာလဲ"

"မုန့်မုန့်က အရမ်းငိုနေလို့လေ။ အာ့ကြောင့် သူ့ကို လာခွင့်ပေးလိုက်တာ"

ဇီယန် အနည်းငယ် ကြောင်သွားပြီးမှ ပြန်ဖြေလိုက်သည်။

မုန့်မုန့် ငိုခြင်းသည် ကျန်းဟန်ကို သူမအိမ်သို့ လာခွင့်ပြုရသည့် အကြောင်းအရင်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကြီးမားသောအကြောင်းအရင်းမှာ ကျန်းဟန် မုန့်မုန့်အတွက် လုပ်ပေးခဲ့သည့်အရာများကို ဇီယန်မြင်တွေ့ခဲ့ရပြီး သူ၏ပြောင်းလဲမှုကိုလည်းမြင်တွေ့ခဲ့ရကာ သူ့တွင်ရှိသော ဖခင်မေတ္တာကြွယ်ဝမှုကြောင့် ဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now