အပိုင်း(၁၈)

Start from the beginning
                                    

ညသည်ကား စကားသံများ ကင်းမဲ့နေခဲ့သည်။

နောက်တစ်နေ့ မနက် ၉ နာရီတွင် ကျန်းဟန် မြေယာဌာနအဓိကဝင်ပေါက်သို့ အချိန်ကိုက် ရောက်လာသည်။

"ကြိုဆိုပါတယ် မစ္စတာကျန်း" လျူမုံ့က ကျန်းဟန်ကို အပြုံးများပြည့်နှက်နေသည့်မျက်နှာဖြင့် ကြိုဆိုလိုက်သည်။

"အင်း" ကျန်းဟန် အသာအယာခေါင်းညိတ်ပြလိုက်၏။

"လာ အထဲကိုဝင်ခဲ့ပါဗျ"

လျူမုံ့ အပြုံးလေးဖြင့် "ကျွန်တော်ခင်များကို စာချုပ်ချုပ်ဖို့ အခုခေါ်သွားပေးပါ့မယ်" ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် လျူမုံ့သည် ကျန်းဟန်၏ရှေ့မှ ဦးဆောင်ခေါ်သွားသည်။ သူတို့ ရုံးခန်းတစ်ခုအရှေ့သို့ရောက်ချိန်တွင် လျူမုံ့၏အမူအရာမှာ ခဏရပ်တန့်သွားပြီး သူ၏ခေါင်းကိုလှည့်ကာ ညင်သာစွာပြောလိုက်သည်။

"မစ္စတာကျန်း ခင်များနဲ့စာချုပ်ချုပ်မဲ့သူက ဒါရိုက်တာဝမ်, ဝမ်ချီရှန်ပါ။ သူက လခြမ်းပင်လယ်ကွေ့ပတ်ဝန်းကျင်က မြေယာတာဝန်ခံပါ။ သူရဲ့စိတ်သဘောထားကတော့ သိပ်မကောင်းဘူး။ ဒါကြောင့် သူ ကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေပြောခဲ့ရင် မစ္စတာကျန်းက သူ့ကိုနည်းနည်းလောက် ခွင့်လွှတ်ပေးပါ"

"အင်း" ကျန်းဟန် ပျင်းတွဲစွာတုံ့ပြန်လိုက်သည်။

လျူမုံ့တံခါးခေါက်လိုက်ပြီးနောက် သူသည်နေရာတွင်ပင်ရပ်နေလိုက်ပြီး တိတ်ဆိတ်စွာစောင့်နေလိုက်သည်။ တစ်မိတစ်နီးပါးစောင့်လိုက်ပြီးနောက် ရုံးခန်းအတွင်းမှ ချောင်းဟန့်သံကြားလိုက်ရပြီး "ဝင်ခဲ့" ဟု အသံထွက်လာ၏။

တံခါးဖွင့်လိုက်ပြီးနောက် ချက်ချင်းပင် ရုံးခန်းအတွင်းမှ အသက်နှစ်ဆယ်ကျော်အမျိုးသမီးတစ်ယောက် မျက်နှာနီမြန်းလျက် ထွက်လာသည်ကို တွေ့လိုက်ရသည်။

"ဟားဟား" ကျန်းဟန် ရယ်လိုက်သည်။ သည်ဒါရိုက်တာဝမ်မှာ သေချာပေါက် အထန်ကောင်ဖြစ်ပေသည်။

ရုံးခန်းထဲဝင်လိုက်ပြီးနောက် ရုံးခန်းစားပွဲတွင် ထိုင်နေသော ဝမ်ချီရှန်ကို တွေ့လိုက်ရသည်။ ဝမ်ချီရှန်သည် အသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ ထိပ်ပြောင်ပြောင်နှင့် မျက်နှာမှာ သေးငယ်ပြီး မျက်မှန်တပ်ထားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now