" ပြေပါတယ် စီနီယာက တင်းကျပ်တယ်ဆိုပေမယ့် လူနာတွေကိုတော့ ကောင်းကောင်း ဆက်ဆံတယ် ပြီးတော့ လူနာရဲ့နာမည်တွေနဲ့ဆေးမှတ်တမ်းတွေကိုလည်း အကုန် အလွတ်ရနေတာကွ ငါတောင် မမှတ်နိုင်ဘူး ဒါပေမယ့်လေ ဟို ကုတင်နံပါတ်၂၈ က အန်တီကြီးက သူ့သမီးနဲ့ စီနီယာရှောင်းကို ပေးတွေ့ပေးဖို့ ph.noတောင်းတော့လေ သူ့မှာ ချစ်သူရှိတယ် သူ့ချစ်သူက မကြိုက်ဘူးဆိုပြီး တန်းငြင်းတာ သူ့ကောင်မလေးကိုတော့ တော်တော် ဂရုစိုက်တာကွ''
" ဟုတ်လား''
"အား....''
"ဘာလို့ ထအော်တာလဲ မီရာရယ်''
" ရား.. နင်တို့ စဥ်းစားကြည့်လေ စီနီယာရှောင်ကျန့်က လုံးဝကို boyfriend material typeကြီး ရုပ်ရည် အရပ် ပြီးတော့ ခု သူ့ကောင်မလေးကို သိပ်ဂရုစိုက်တာလေ''
" ဒါပေမယ့်လေ ကျွန်တော်တစ်ခုမရှင်းတာက ကျွန်တော်တော့ စီနီယာမှာ ချစ်သူ ရီတယ်လို့ မကြားမိဘူး ကျွန်တော့်အစ်မက စီနီယာတို့နဲ့ နှစ်အတူတူပဲ အစ်မပြောတာတော့ စီနီယာက တက္ကသိုလ် မှာလဲ ရည်းစားမထားဘူးတဲ့ ဆရာဝန်ဖြစ်တော့လည်း လူနာတွေအပေါ်မှာပဲ အာရုံစိုက်တာတဲ့''
( ဟူရိချန်တစ်ယောက် အစ်မဆီက သိသမျှ ပြန်ပြောလိုက်ခြင်း)
" ဒီလိုကွ ရှောင်ကျန်မှာ ချစ်သူ ရှိတယ်ဆိုတာ ဟုတ်လည်းဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး ဟုတ်တယ်ဆိုတာက သူ့မှာ ချစ်ရတဲ့သူရှိတယ် မဟုတ်ဘူးဆိုတာက ချစ်သူမဖြစ်သေးတာ ပြီးတော့ မင်းတို့ အံသြ သွားလိမ့်မယ် ရှောင်ကျန့်ရဲ့ ချစ်ရသူက ကောင်မလေး မဟုတ်ဘူး ကောင်လေးတစ်ယောက်''
"အား....''(×2)(မီရာနဲ့ ဖေးဖေးတို့၂ယောက် ပေါင်းအော်လိုက်ခြင်းပင်)
" ဘာဖြစ်ကြပြန်ပြီလဲဟာ စိတ်ရှုပ်လိုက်တာ''
" ဟီး... wuri ရိချန်လေးကလည်း စိတ်မဆိုးပါနဲ့ဟာ ငါက အံသြဝမ်းသာလွန်းလို့ပါ ဟုတ်တယ်နော် ဖေးဖေး''
" အင်း ဒါနဲ့လေ ကျိုးချန်ကော စီနီယာရဲ့ ကောင်လေးက ဘယ်သူလဲဟင် ချောလား''
" ဒါကတော့ မကြာမီ လာမည်မျှော်ပေါ့''
"ဟာ.. ကျိုးချန်ကောကလည်း မမိုက်ဘူးကွာ''
YOU ARE READING
You💕💕💕(unicode +zawgyi )
Fanfictionငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ You💕💕💕
Ep 01 unicode
Start from the beginning
