" ဘာပဲ ဖြစ်ဖြစ်ပါ အားရီကတော့ Drလေးကို ကျေးဇူးတင်ပါတယ် ဒါနဲ့ Drလေးရဲ့ ဖုန်းနံပါတ်လေး ပေးလို့ရမလား အိမ်က သမီးလေးနဲ့ Drလေးကို ပေးတွေ့ကြည့်ချင်လို့ပါ အိမ်က သမီးက ခုထိ ရည်းစားတစ်ယောက်မှ မရှိသေးဘူးလေ ကလေကချေတွေနဲ့ တွေ့သွားမှာ စိုးလို့လေ ဒေါက်တာလေးလို ရည်ရည်မွန်မွန်လေးနဲ့ တွေ့စေချင်လို့လေ Drလေးမှာလည်း ရည်းစားမရှိဘူးမလား''
" အားရီ...ဟိုလေ ရှောင်ကျန့်က..''
"ရတယ် ကျိုးချန် အားရီ ကျွန်တော့်မှာ ချစ်သူ ရှိလို့ပါ ပြီးတော့ ကျွန်တော့် ချစ်သူက အ့လိုမျိုးတွေ မကြိုက်လို့ပါ စိတ်မရှိပါနဲ့ခင်ဗျ''
" အားရီ နားလည်ပါပြီ ချစ်သူရှိတယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲကွယ် Drလေးကို ရတဲ့ မိန်းကလေးကတော့ ကံကောင်းတာပဲ''
ရှောင်ကျန့်တစ်ယောက် အန်တီကြီးကို ယဲ့ယဲ့လေးသာ ပြုံးပြနိုင်တယ်
လူနာတွေကို Round လှည့်ပြီးတော့ အချိန်က၁၂ခွဲနေပြီ
At Hospital canteen,
" အာ စီနီယာရှောင်း ကျွန်တော်တို့နဲ့ လာစားပါလား''
ကုဝေတစ်ယောက် လောကွတ်ချော်ပြီး စီနီယာကို ခေါ်လိုက်ပေမယ့် စီနီယာကတော့ တစ်ချက်ပဲ လှည့်ကြည့်ပြီး သူ့ရဲ့နေ့လယ်စာနဲ့အတူ canteenက ထွက်သွားတယ်
"ထားလိုက်ပါ ကုဝေရာ သူက သူ့အခန်းထဲမှာပဲ စားလိမ့်မယ် ဆေးစာအုပ်တွေဖတ်ရင်းလေ''
" ဝါး.. စီနီယာရှောင်းက တော်တော်ကြိုးစားတာပဲ မီရာတို့လဲ ကြီးလာရင် အ့လို ကြိုးစားရမယ်''
( တရုတ်-ကိုရီးယားကပြား အလုပ်သင်ဆရာဝန်မလေး မီရာက ထပြောလိုက်ခြင်းပင်)
"တော်ပါ မီရာရယ် ငါတော့ အ့လောက်ကြီးထိ မလုပ်နိုင်ပါဘူး ပြီးတော့ နင်လား အ့လောက်ကြိုးစားမှာ နောက်ဆုံးနှစ် စာမေးပွဲတောင် စာမေးပွဲနားနီးမှ စာကြည့်တာကိုများ''
( မီရာရဲ့ သူငယ်ချင်း ဆရာဝန်မလေး လော့ဖေးဖေးက ထဝင်ပြောတယ်)
" တော်ကြပါတော့ နင်တို့ကလည်း ဒါနဲ့ ကုဝေ မင်းကော စီနီယာရှောင်းလက်အောက်က ဆိုတော့ အဆင်ပြေရဲ့လား တင်းကျပ်သေးလား''
( ကုဝေရဲ့ သူငယ်ချင်း Drလေး ဟူရိချန်က စိုးရိမ်၍ မေးလိုက်ခြင်း)
YOU ARE READING
You💕💕💕(unicode +zawgyi )
Fanfictionငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ You💕💕💕
Ep 01 unicode
Start from the beginning
